ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး ကူညီရေး လက်မှတ် တစ်သန်းစုဆောင်း


2013.07.10

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် ကူညီဆောင်ရွက်ရေး အတွက် လက်မှတ်ပေါင်း တစ်သန်း ရရှိအောင် အင်တာနက် ဝက်ဆိုက် တစ်ခုက ဆော်သြခဲ့ရာမှာ အခုထိ လက်မှတ်ပေါင်း (၉) သောင်းခွဲနီးပါး ရရှိနေပြီလို့ သိရပါတယ်။

Avaaz.org ဆိုတဲ့ အင်တာနက် ဝက်ဆိုက်က ဆော်သြလှုပ်ရှားခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ် ခရီးစဉ်အတွင်း၊  ဥရောပ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာပြဿနာကို တင်နိုင်အောင် အခုလို လက်မှတ်စုဆောင်းတဲ့ လှုပ်ရှားမှု ဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ အင်တာနက် ဝက်ဆိုက်ဟာ ရဝမ်ဒါနိုင်ငံက လူမျိုးရေး ပြဿနာတွေ၊ အင်ဒိုနီးရှားက မျောက်ဝံတွေ ကယ်တင်ရေး၊ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးအတွင်းရေးတွေ ဖွင့်ချပြီး ထွက်ပြေးနေတဲ့ Edward Snowden ကို ထောက်ခံရေး စတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ဝက်ဆိုက် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။