လူမျိုးအသိမှတ်ပြုရေးထက် နိုင်ငံ သားဖြစ်ရေးကို ဦးစားပေး သင့်ကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော

2014-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေးထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကိုသာ သွားသင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက  RFA ကို ပြောကြား လိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြားဖြစ် ခဲ့တဲ့ ပြဿနာတွေကြောင့် ပျက်စီးခဲ့တဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကြိုးစားနေဆဲဖြစ်ပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရင်လို ပြန်လုပ်နိုင် ဖို့လည်း အချိန်ယူရဦးမယ်လို့ ဦးမောင်မောင်အုန်း က ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်နယ်အစိုးရရဲ့  လက်ရှိဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီပေးရေးလုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်တွင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အလားအလာတွေ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (2)
Share

Kyaw

နေရပ်- U.S.A.

"ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေးထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကိုသာ သွားသင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြောကြား လိုက်ပါတယ်။." Your Military Govt. has issued the "White-Card" for illegal Bengali Muslims for votes for your government. This is totally illegal. They are no eligible for votes without citizens. In U.S.A., "EVERYBODY KNOWS THAT WHO ARE WHITE-CARD (I-94) HOLDERS COULD NOT BE ELIGIBLE FOR THAT." PLEASE STOP CREATING QUESTION IN ARAKAN!

Aug 30, 2014 11:24 AM

Ko Myo Aung

"ရခိုင်ပြည်နယ်တွင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး." The world is threatened by Jihadists. We, all Buddhists of Myanmar, like the "PEACE." However, we cold not live the peaceful co-existence with Islamic Terrorists and Illegal Immigrants from Bangladesh!

Aug 30, 2014 11:08 AM

ဆိုက်တခုလုံးသို့