ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့


2013.07.09
rakine-press-305.jpg ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇူလိုင်လ ၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကိုတွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲက လူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ် တယ်လို့ ရခိုင်အစိုးရအဖွဲ့င်တွေက ဒီနေ့ ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်လမ်း နိုင်ငံခြားရေးန်ကြီးဌာနမှာ ရခိုင်ပြည်နယ်အစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပစဉ်မှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးစုနှစ်ခုကို အတူတကွပြန်မထားသေးတာဟာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့င် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် မွတ်စလင်အများစုနေထိုင်တဲ့နေရာတွေကို လုံခြုံအောင်စီမံထားပြီး ရခိုင်လူမျိုးတွေကိုလည်း မွတ်စလင်တွေနေထိုင်တဲ့နေရာတွေကို သွားလာခွင့်မပြုထားဘူးလို့ ပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်ထဲမှာ ရဲအင်အား ၆ ထောင်ကျော်အပြင် လုံလောက်တဲ့ စစ်တပ်အင်အားနဲ့ လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၂၁၂ ဇူလှိုင်လကနေ ၂၁၃ ဇူလိုင်လအထိ   အမေရိကန်ဒေါ်လာသန်း ၈ ကျော်ကုန်ကျမှာဖြစ်ပြီး လတ်တလောအနေနဲ့ အလှူငွေ ၆၆ သန်းကျော်ကို လက်ခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။