အင်တာနက်ပြန်ဖွင့်ပေးဖို့ ဆန္ဒပြတဲ့ကျောင်းသား နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ


2020.07.23
rakine-internet-students-622.jpg ထောင်ဒဏ်တစ်လစီချမှတ်ခံရတဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)က ကျောင်းသား နှစ်ဦးကို ၂၀၂၀ ဇူလိုင် ၂၃ ရက်နေ့ကတွေ့ရစဉ်
Photo: Arakan Students' Union - Universities of Rangoon

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ရခိုင်ကျောင်းသား များသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) က ကျောင်းသား နှစ်ဦးကို ဇူလိုင်လ ၂၃ ရက်နေ့ ဒီနေ့ ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

ဒီမိုကရေစီစနစ်ကို ခြေလှမ်းနေတဲ့နိုင်ငံမှာ ခုလိုဖြစ်စဉ်တာမျိုးတွေမရှိသင့်ဘူးလို့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်)ရဲ့ အတွင်းရေးမှုး ကိုမျိုးမင်းထွန်းက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်)၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီး နယ်မြေ) တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချထားတာနဲ့ ဘူးသီးတောင်မြို့နယ် ခမီချောင်းကျေးရွာက မူလတန်းကျောင်းပေါ်  လက်နက်ကြီးကျ ရောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အတွက် ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်) အထွေထွေ အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းနဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်း ကိုကျော်လင်းတို့ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံခဲ့ရ တာဖြစ်ပါတယ်။

သူတို့ဟာ အမှုဖွင့်ခံရပြီး ငါးလအကြာမှာ ကမာရွတ်မြို့နယ်တရားရုံးက အခုလို အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အင်တာနက်ဖြတ်တောက်ခံထားရတာ တစ်နှစ် ကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက် ဖြတ်တောက်ခံရတာကို ပြန်ဖွင့်ပေးဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။