ရခိုင်မှာ ၁၂ နာရီအတွင်း မိုးများနိုင်


2017.06.15
rakhine-weather-620.jpg မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ရခိုင်ပြည်နယ်မှာ မိုးများနိုင်ကြောင်း ခန့်မှန်းချက်ကို တွေ့ရစဉ်
Photo: Tun Lwin (facebook)

ရခိုင်ပြည်နယ်မှာ လာမယ့် ၁၂ နာရီအတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။

မိုးသည်းထန်နိုင်တဲ့ တိမ်တိုက်တစ်ခုဟာ ဘင်္ဂလားပင်လယ်အော်ကနေ ရခိုင်ပြည်နယ်ဘက်ကို တဖြည်းဖြည်း ရွေ့ လျားနေတာကြောင့် ဒီနေ့ ညနေကစပြီး မိုးများနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

"ခန့်မှန်းချက်တော့ ထုတ်ထားတယ်။ လောလောဆယ်လည်း မိုးများနေတယ်နော်။ ရခိုင်အလယ်ပိုင်းတွေမှာ စစ်တွေတို့ ဘာတို့ကတော့ စပြီနော်။ နည်းနည်းတော့ သတိထားရမယ်။ အန္တရာယ်ရှိတယ်ပေါ့။ ဒီနေ့ မိုးရွာနိုင်တဲ့ တိမ်တိုက်တစ်ခုက တဖြည်းဖြည်းနဲ့ ရခိုင်ပြည်နယ်ဘက်ကို ရွေ့နေတာတွေ့တယ်။ အဲဒီတော့ ခန့်မှန်းခြေ ဒီနေ့ညနေပိုင်းလောက်စ မိုးရွာမယ်လို့ မှန်းလို့ရတယ်လေ။ ဒီကောင်က ဒီနေ့ရောက် လို့ မိုးရွာရင် နောက်နေ့ကျရင်တော့ အတွင်းဘက် ရောက်သွားမှာပေါ့နော်"

အခုအချိန်မှာလည်း ရခိုင်ပြည်နိုင်မှာ မိုးများနေတာကြောင့် အခု ထပ်ရွာမယ့် မိုးကြောင့် ရေကြီးတာတွေ မြေပြို တာတွေ စတဲ့အန္တရာယ်တွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မနေ့က ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီး ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနက်ဖြန်အထိတော့ တနိုင်ငံလုံးအတိုင်းတာနဲ့ မိုးရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။