အားလုံးသွေးစည်းညီညွှတ်မှုရှိမှ တည်ငြိမ်မှု အမြန်ဆုံး ရရှိနိုင်မည်

ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ရန်ကုန်မြို့ မှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ဝင်တွေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ သွေးစည်း ညီညွှတ်မှသာ ရခိုင်ပြည်နယ်တွင်းပဋိပက္ခတွေကို အမြန်ဆုံးတည်ငြိမ်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောကြားလိုက်ပါတယ်။

2012.11.16
burma-soldiers-rakhine-305 အစိုးရစစ်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မရမာကြီး တိုင်းရင်းသား အသင်းဝင်တွေက  ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မနေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုနဲ့အတူ အလှူငွေပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။

အဲဒီပွဲဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေပြီး ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရရှိနေတဲ့ ရခိုင်လူမျိုးတွေကို ကူညီပေးနေတဲ့ ရခိုင်အမျိုးသားကွန်ရက်ကို မရမာကြီးတိုင်းရင်းသားအသင်းက အလှူငွေပေးအပ်တဲ့ပွဲ ဖြစ်ပါတယ်။

မရမာကြီးတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့မှာ အဓိကနေထိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူဦးရေ ၂သောင်းကျော် နေထိုင်တယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားကွန်ရက်နဲ့ မရမာကြီးတိုင်းရင်းသားအသင်းတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၊ ရခိုင်အရေးလှုပ်ရှားသူတွေ၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ မရမာကြီးအသင်းက တာဝန်ရှိသူတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။