ရခိုင်ပြည်နယ် ဒုချီးရာတန်ရွာမှာ အကြမ်းဖက်မှုဖြစ်ပွား

2014-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသော ရိုဟင်ဂျာ မိသားစုတစ်စုကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသော ရိုဟင်ဂျာ မိသားစုတစ်စုကို တွေ့ရစဉ်
Photo: AFP

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်၊ ဒုချီးရာတန်ရွာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်စလင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံခဲ့ရတယ်လို့ ကြားသိရကြောင်း Arakan Project အဖွဲ့က Chris Lewa က ပြောဆိုကြောင်း AP သတင်းကဖေါ်ပြပါတယ်။

သေဆုံးသူတွေဟာ သေနတ်ဒဏ်ရာ၊  ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ ဓါးဒဏ်ရာတွေ နဲ့ သေဆုံးခဲ့ရတာဖြစ်လို့ ရဲနဲ့စစ်တပ်ကြောင့်ထက် ရခိုင်ဒေသခံတွေရဲ့ တိုက်ခိုက်ခံရလို့ သေဆုံးကြ ရတာ ဖြစ်နိုင်ကြောင်း၊ သေဆုံးသူအရေအတွက် အတိအကျမသိရသေးကြောင်း Arakan Project အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေ ညာချက်မှာ ဖေါ်ပြထားပါတယ်။

အခင်းဖြစ်ပွားရာဒေသမှာ ပြီးခဲ့တဲ့လက ၉၆၉ လို့သိကြတဲ့ သံဃာတွေက ရိုဟင်ဂျာ မွတ်စလင်အားလုံးကို နှင်ထုတ် ပစ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံဟောကြားခဲ့ရာက နှစ်ဖက်တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ Arakan Project အဖွဲ့ က Chris Lewa က ပြောဆိုပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် လွှတ်တော်အမတ် ဦးရွှေမောင်းက အခုလို ပြောပါတယ်။

"သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ သူတို့ရဲ့နီးစပ်ရာ ဆွေမျိုးတွေရဲ့ ပြောပြချက်အရပဲ သိရတယ်၊ သူတို့ကိုယ်တိုင်ကလည်း အလောင်းကို မမြင်တွေ့နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကိုသွားလို့မရလို့၊ ဒီလိုအခြေအနေမှာ ဒါကိုထင်သာမြင်သာရှိအောင် လုပ်ပေးမှသာ ပကတိအခြေအနေမှန်ကိုသိမယ်၊ အားလုံးကိုလုံခြုံမှုပေး၊ အားလုံးကိုအာမခံပေး၊ အဲဒီမှာအမှန်တကယ် ပြစ်မှုကျူးလွန်တဲ့လူကို ပြစ်ဒဏ်ပေးရမယ်"

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ အခင်းဖြစ်ပွားရာ ဒုချီးရာတန်ရွာမှာ တပ်ကြပ်ကြီးတစ်ယောက် ပျောက်ဆုံးနေတာကြောင့်၊ ရဲတပ်ဖွဲ့က ရွာကိုဝိုင်းပြီး ရှာဖွေခဲ့ကြကြောင်း၊ ဒါပေမဲ့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ မကြားသိရကြောင်း ပြောဆိုပါတယ်။

ကွန်မင့်များ (6)
Share

(

Chris Lewa (Arakan Project) must take responsibility for that news.
That bias news is still unverified]

Jan 23, 2014 03:03 PM

(

ဒီပြသနာက ရှုတ်ထွေးမှုတွေ များတယ် ၊ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေ၊ အသက်အန္တရာယ် ရှိနေ ၊
လူမျိုးတုံးသတ်ဖြတ်ခံနေရပါတယ် စွတ်စွဲနေကြတယ် ၊
မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာအလယ် မှာ အမျိုး၂ ရှုတ်ချခဲ.ကြတယ် ။
အစ္စလမ်နိုင်ငံ တွေကလည်း မခံမရပ်နိုင် လာကြည်.ကြတယ် ၊
ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် ဦးရေ ဘယ်ရွေ.ဘယ်မျှလက်ခံမယ်ဆိုတာတော. မရှိဘူး။

ရခိုင်နယ်စပ် က ဘင်္ဂလီဒုက္ခသည်တွေကို လက်ခံ ခေါ်ယူမှုမရှိတာကတော ရည်ရွယ်ချက်
တခုခု ရှိနေ အသေချာဘဲ ၊

Jan 18, 2014 11:35 AM

မောင်မောင်

ချစ်မောင်မောင်
ရခိုင်ရော ဗမာရော တခြားလူမျိုးတွေနဲ့ သင့်သင့်မြတ်မြတ်ပဲ။ မင်းတို့လို ရိုဟင်ဂျာအမည်ခံ ဘင်လာဒင်လက်သစ်ဘင်္ဂလီတွေကြောင့် နိုင်ငံမအေးချမ်းသေးတာ။

Jan 17, 2014 11:41 PM

အမည်မဖော်လိုသူ

State Sponsored Terrorism with Evil Aims.

Jan 17, 2014 08:49 PM

ချစ်မောင်မောင်

969 အကြမ်းဖက်သမားတွေကို အစိုးရက ဘာ့ကြောင့် မဖမ်းစီးတာလဲ ။ နောက်ပြီး ရခိုင် လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို သတ်ဖြတ်နေတာကို အဘယ့်ကြောင့် အစိုးရက မကာကွယ်ပေးတာလဲ ခင်ဗျာ။ ဒီအစိုးရနဲ့ ရခိုင် လူမျိုးနဲ့ 969 အဖွဲ့တွေက နိုင်ငံတော်ကို ဘာများ အကြိုးပြုနေလို့ ပါလဲခင်ဗျား။ သိနားလည်သူများဖြေပေးကြပါ ။

Jan 17, 2014 01:33 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့