ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစွန်းမရောက်ဘဲ ဖော်ဆောင်နေပုံကို သူ့အနေနဲ့ ကျေနပ်အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။

2012.06.27

အခုအခါ GMMF ခေါ် ကမ္ဘာ့ မဇ္ဈိမပဋိပဒါ နည်းကျ လှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ့ မစ္စတာ Razali Ismail က မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကောင်းတွေရဲ့ ဦးဆောင်မှုအောက်မှာ ပွင့်လင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။ သူ့အနေနဲ့ဒီဖြစ်စဉ်မှာ ပါဝင်နိုင်တဲ့ အခွင့်အရေး ရခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို တကမ္ဘာလုံးက အသိအမှတ်ပြုလာအောင် ဆောင်ရွက်နိုင်ခွင့် ရပြီဖြစ်ပါတယ် လို့ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။