နှစ်ဖက် အကျိုးရှိမည့် နိုင်ငံရေးဖြေရှင်းမှု ကြိုးပမ်းမည်ဟု သမ္မတ၏ အကြံပေး ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့တို့အကြား နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်မြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ပြောပါတယ်။

2011.05.26
president_thein_sein_305_z.png သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
Photo: AFP / HO / MNA

“အကြမ်းဖျဉ်းပြောလို့ရှိရင်တော့ ရှိတယ်ဗျ။ ကျွန်တော်တို့ အဖွဲ့က အကုန်လုံးက နှစ်ဖက်လုံးပေါ့ဗျာ၊ win-win situation ကို ရအောင် လုပ်သွားမှာပါ။ ဒါ ကျွန်တော်တို့ရဲ့ တာဝန်ပေါ့။”

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံရေးအကျဉ်းသား ၅၀ လောက်ပဲ လွတ်မြောက်ခဲ့ပေမဲ့ ဦးသိန်းစိန်ရဲ့ လက်ရှိ သမ္မတသက်တမ်း ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မတိုင်ခင် ကာလအတွင်း နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

“မျှော်မှန်းနိုင်ပါတယ်ဗျာ။ မျှော်မှန်းနိုင်ပါတယ်။ အစပိုင်းကတော့ ကျွန်တော်တို့က တည်ငြိမ်မှုလည်း တချက်ကို ကြည့်ပေးရသေးတာကိုး။ တည်ငြိမ်မှုလည်း ကြည့်ပေးရတဲ့အခါကျတော့ ပထမပိုင်းမှာတော့ ကျွန်တော်တို့က အပြောင်းအလဲ ကာလတခုမှာတော့ တည်ငြိမ်မှု နည်းတတ်တာတော့ သဘာဝပဲခင်ဗျ။”

သမ္မတရဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ အစိုးရရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေအဖြစ် ဝါဒဖြန့်နေကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း သူက ငြင်းဆိုပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-26 12:44

Who ever are roped in the Advisory Council, they will toe the line of Govt, and become mouthpiece of it. Just look at their statements, despite so obvious existence of more than 2000 Political Prisoners, they have the cheek to follow thier Master tone and declare that there is no POLITICAL PRISONERS IN MYANMAR. So Shameful.