မြန်မာ ဒုက္ခသည်တွေကို အမေရိကန် ဆက်လက်ကူညီမည်

ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်သလို၊ ဒီနှစ် တတိယနိုင်ငံရွှေ့ပြောင်း အခြေချရေး အစီအစဉ် အတွက်လည်း ဒုက္ခသည် တစ်သောင်း ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kristie Kenney က မနေ့က ပြောကြားလိုက်ပါတယ်။

2011.09.21
refugees_in_rain_305_z.jpg စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
(Photo: Courtesy of Free Burma Rangers)

အမေရိကန် သံအမတ်ကြီး Ms. Kenney ဟာ မနေ့က ထန်ဟင်း ဒုက္ခသည် စခန်းကို သွားရောက် ကြည့်ရှုပြီး၊ အဲဒီစခန်းမှာ ကူညီ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ကူညီရေးလုပ်သားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ထန်ဟင်း စခန်းမှာ ဒုက္ခသည်ပေါင်း (၈) ထောင်လောက်ရှိပြီး ကြပ်ကြပ်သိပ်သိပ် နေထိုင် နေကြရပါတယ်။ ပြည်တွင်း စစ်ဘေးကြောင့် ပြေးလာခဲ့ကြရတဲ့ ဒုက္ခသည် အများစုက ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြောင်း ပြောဆိုကြတယ်လို့ Ms. Kenney က ဆိုပါတယ်။

ထိုင်းအစိုးရမှာ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ရှိပေမဲ့ ဒါဟာ ပြန်လိုသူတွေ အတွက်သာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက မိမိကို အကြိမ်ကြိမ် ရှင်းလင်း ပြောဆိုခဲ့ကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အမျိုးသား ရင်ကြားစေ့ဖို့ ဦးဆုံးလိုအပ်နေပြီး မြေမြှုပ်မိုင်းပြဿနာ၊ အိုးအိမ်တွေ ပြန်လည် ထူထောင်ပေးရေး ကိစ္စ စတဲ့ ဆောင်ရွက်စရာတွေ အများအပြား ရှိနေတဲ့အပြင်၊ မြန်မာအာဏာပိုင်တွေရဲ့ အာမခံချက် ကတိကဝတ်တွေလည်း လိုအပ်ကြောင်း၊ ဒါပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာအရိပ်လက္ခဏာမှ မပြသေးကြောင်း သံအမတ်ကြီး Ms. Kenney က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်က ထိုင်း ခရိုင် (၄) ခု မှာ ဒုက္ခသည် စခန်းပေါင်း (၉) ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလောက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် (၆) သောင်း ခေါ်ယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-22 02:58

ကျတော မလေးရှားကနေပါ..ကျတောက..ဒုခသေတစ်ယောက်ပါ..လူကြီးမင်းတို့ ကို သတင်းပေးချင်ပါတယ်..အခုမလေးရှားမှာရှိတဲ့  ဒ့ခသေတွေဟာ အရမ်းဘဲခက်ခဲ့ နေပါတယ်..မြန်မာပြည်ကို ပြန်ပို့ ရမယ်ဆို တဲ့ သတင်းတွေ ထွက်နေပါတယ် တစ်ချိုက မပြန်ချင်ကြဘူး

Anonymous
2011-09-22 04:54

...ဒုက္ခသည်ကို ကူညီမယ်ဆိုတာသိလိုက်ရတာ ၀မ်းသာပါတယ်...ဒါပေမဲ့ ဒုက္ခသည် ကိုပဲရစေချင်ပါတယ်...အရင်အတိုင်းသာဆိုရင် အကျိုးသက်ရောက်မှုမရှိဘူးလို့ထင်ပါတယ်....အားလုံးလဲသိကျမယ်လို့ထင်ပါတယ်...ထိုင်း၊မလေးရှား၊ ကိုလာပြီး...အရက်သောက် ဖဲရိုက် ဘောလုံးပွဲနဲ့ အိပ်ရင်းပျက်..အလုပ်ကပုံမှန်မဆင်း.နောက်ဆုံးတော့.ပြေး UN card ကိုင်းထားတဲ့အမျိုးဆီကိုသွား....အမျိုးမရှိရင် တော့ ...လမ်းကြောင်းရှိပါသေးတယ်....စလုံးမှာ PR မရလို့ လာလျှော့တဲ့သူကရှိသေး....ဒီလောက်ဆိုရင်သိပါတယ်...အစိုးမကောင်းတာလုပ်တာလို့ပြောပြီး..ကောင်းတာလုပ် တဲ့လူတွေလည်း ဒီလိုပဲလား...

Anonymous
2011-09-29 03:41

တကယ်တန်းဒုက္ခရောက်နေတာက ကျွန်တော်တို့ကရင်တွေပါ။စစ်အစိုးရက ဒုက္ခပေးလို့ထွက်ပြေးနေကြရပါတယ်။မလေးရှားမှာ တကယ်တန်း အကျိုးခံစားနေရတာ ကျွန်တော်တို့ကရင်တွေ မဟုတ်ပါဘူး။UNHCRက ကျွန်တော်တို့ကိုဘာမှ အကူအညီမပေးဘူး။သူတို့ကူညီနေတာက ချင်းလူမျိုးသက်သက်ပဲ ဖြစ်နေပါတယ်။UNHCRဆိုတာဘာလဲ သိခဲ့ရင် တစ်ချက်လေး ဖြေပေးကြပါဦးလို့...........?????????

Anonymous
2011-09-29 21:46

ကျွန်တော်ကကချင်ဒုခသည်တစ်ဦးပါ။ စစ်အစိုးရရဲ.ရက်စက်မှူဒဏ်ကိုမခံနိင်လို.အခုလိုမလေးရှားမှာဒုခသည်အဖြစ်လာခုံလှုံတာပါ။ဒါပေမယ်.မလေးရှားမှာဘာမှလုံခြုံမှူမရှိပါဘူး။ UNHCR ကဘာအကူအညီတစ်ခုမှလည်းမရရှိသေးပါဘူး။ မလေးရှားမှာဒုခသည်အတွက်ကချင်းလူမျိုးအတွက်ပဲဖြစ်နေပါတယ်။ တစ်ကယ်ဒုခရောက်တာတို.ကချင်လူမျိုးတွေပါ။ ကျေးဇူးပြုပြီးUN officer ကိုပြောပေးပါ..