ပဲခူးတိုင်းအစိုးရ နှုတ်ထွက်ရေး ဆန္ဒပြခွင့် ငြင်းပယ်ခံရ

2014-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျွဲကျောင်းနေသော လယ်သမားတစ်ဦးကို တွေ့ရစဉ်
ကျွဲကျောင်းနေသော လယ်သမားတစ်ဦးကို တွေ့ရစဉ်
(Photo: AFP)

ပဲခူးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေ အငြင်းပွား မှု ပြဿနာတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေအရေးကို တာဝန်ယူဖြေရှင်းမပေးတဲ့ အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှုတ် ထွက်ပေးရေး ဆန္ဒပြဖို့ ဒေသခံတွေက ခွင့်ပြု ချက်တောင်းခံတာကို ပြည်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ ခွင့်ပြုချက်တောင်းခံခဲ့တဲ့ ပြည်မြို့ပြည်သူ့ အထောက်အကူပြုကွန်ရက်က ကိုဝင်းလှိုင်က အခုလိုပြောပါတယ်။

"ပြည်ခရိုင်အတွင်းမှာ လယ်ယာမြေပြဿနာတွေဖြစ်နေ တာ ပန်းတောင်း၊ ပေါက်ခေါင်း၊ လှည်းကူတို့မှာ လယ်သမားတွေ ထောင်ကျနေကြပြီ၊ ပဲခူးတိုင်းဒေ သကြီး အစိုးရဖွဲ့ကနေ ဘယ်သူပိုင်တယ်ဆိုပြီးတော့ လာရှင်းပေးတယ်ဆိုရင် လယ်သမားတွေ ထောင်ကျ စရာမရှိဘူး၊ လယ်သမားတွေအရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ရှင်းပေးမယ့် အစိုးရအဖွဲ့တစ်ရပ်လိုလာပြီ၊ တာဝန်ရှိပြီး လုပ်မပေးတဲ့အတွက် ပဲခူးတိုင်းဒေသအစိုးရ နှုတ်ထွက်ပေးဖို့ ကျနော်တို့ ၂ ရက်နေ့မှာ ဆန္ဒပြဖို့ စာတင်ထားတာ၊ အဲဒါကိုခုထက်ထိ လက်မခံဘူးဖြစ်နေတာ"

လာမယ့် သြဂုတ်လ ၂ရက်နေ့မှာ ဆန္ဒပြဖို့ ပြည်မြို့ ပြည်သူ့အထောက်အကူပြုကွန်ရက်က ဇူလိုင်လ ၂၆ရက်နေ့မှာ ခွင့်ပြုချက်တောင်းခဲ့တာဖြစ်ပြီး ၂၇ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်လိုက်တာလို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်နဲ့ သာယာဝတီခရိုင်မှာ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဖမ်းဆီးခံထားရတဲ့ လယ်သမား ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

အစိုးရ ဆိုတာ ဒီလို လူတကာက ထပြီး နှုတ်ထွက်ခိုင်းလို့ မရပါဘူး။ လွှတ်တော် ထဲမှာသာ အမတ်တွေက အယုံအကြည်မရှိ အဆိုတင်ရတာပါ။

Jul 30, 2014 10:26 AM

Pyay Aye

နေရပ်- Myanmar

အရင် ပါလီမန် ဒီမိုကရေစီ ခေတ်က စိုက်ပျိုးရေး ကိုအားပေးတဲ့အနေနဲ့ တောင်သူလယ်သမားတွေကို မြေလွတ်မြေရိုင်းတွေမှာ လယ်ယာမြေ ခုတ်ထွင် ရှင်းလင်းလုပ်ကိုင်ခွင့်ပေးခဲ့တယ်။ အဲဒါကို အာဏာရှင်တွေက တိုင်းပြည်အကျိုးအတွက် ဆို အချိန်မရွေး အစိုးရက သိမ်းနိုင်တယ် ဆိုပြီး ဘာလျော်ကြေးမှ မပေးဘဲ အဓမ္မ မတရား သိမ်းယူသမျျှ ဒီလိုဖြစ်နေမှာဘဲ။ သိမ်းတာ သိမ်းပြီးတော့ ဒါပေမဲ့ လယ်ယာမဲ့ ဖြစ်သူတွေကို ပြန်လည်နေရာချ ထားဘို့ မသိဘဲနဲ့ အစိုးရတက်လုပ်နေတယ်။

Jul 30, 2014 09:35 AM

ဆိုက်တခုလုံးသို့