ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း ထုတ်ပြန်


2014.05.27

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်ပေးပို့လိုသူတိုင်း လာမယ့် ဇွန်လ ၂၀ ရက်နေ့မတိုင်ခင်အထိ အစိုးရက ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ထံ ပေးပို့နိုင်ကြောင်း အစိုးရက တိုက်တွန်းလိုက်ပါတယ်။ အဲဒီဥပဒေမူကြမ်း မထွက်ပေါ်မီကတည်းက လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဆန့်ကျင်ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

အစိုးရသတင်းစာတွေမှာ ဒီနေ့ဖော်ပြလိုက်တဲ့ ဥပဒေမူကြမ်းအရ မည်သူမဆို မိမိကိုးကွယ်ရာဘာသာကနေ အခြားဘာသာ ဒါမှမဟုတ် ဘာသာမဲ့အဖြစ် လွတ်လပ်စွာ ကူးပြောင်းကိုးကွယ်ခွင့်ရှိတယ်လို့ ပါရှိပါတယ်။

အဲ့ဒီလိုကူးပြောင်းရာမှာ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ကို တင်ပြရမှာဖြစ်ပါ တယ်။ မြို့နယ်အသီးသီးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ သာသနာရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့နဲ့ မြို့နယ် ပညာရေးဝန်ထမ်း စတဲ့ ပုဂ္ဂိုလ် ၆ ဦးပါဝင်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ကို ဖွဲ့စည်းရမယ်လို့လည်း ပါရှိပါတယ်။

ဒ့ါအပြင် ဘာသာ သာသနာကို စော်ကားဖို့၊ အကြည်ညိုပျက်စေဖို့၊ အလွဲသုံးစားပြုဖို့အကြံအစည်နဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းမယ်ဆိုရင် ထောင်ဒဏ် ၂နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၂သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံစေရမယ်လို့ ဖေါ်ပြထားသလို ဘာသာကူးပြောင်းတာကို ပိတ်ပင်တားမြစ်မယ်ဆိုရင် ထောင်ဒဏ် ၆လ၊ ငွေဒဏ် ကျပ် ၅သောင်းနဲ့ ဒဏ်နှစ်ရပ်လုံး ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေကြမ်းအပေါ် သဘောထားအမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။