ဘာသာအသီးသီးရဲ့ အနှစ်သာရအကြောင်း သင်ရိုးပြုစုသင်ကြားရေး ဆွေးနွေး

2014-01-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ Park Royal Hotel မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဘာသာပေါင်း စုံဆွေးနွေးပွဲ ကျင်းပနေစဉ်
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ Park Royal Hotel မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဘာသာပေါင်း စုံဆွေးနွေးပွဲ ကျင်းပနေစဉ်
photo: RFA/ Myo Zaw Ko

ဘာသာတိုင်းရဲ့ စစ်မှန်တဲ့အနှစ်သာရတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့ သင်ရိုးညွှန်းတန်းပြု စုပြီး ဘာသာရေးကျောင်းတွေမှာ သင်ကြားပေးနိုင် ဖို့ ကြိုးပမ်းသွားမယ်လို့ ဒီနေ့ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေး အဖွဲ့ခေါင်းဆောင် ဟာဂျီဦးအေးလွင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)တို့ ပူးတွဲကျင်းပတဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲမှာ ဟာဂျီ ဦးအေးလွင်က ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကို RFA ကိုအခုလိုပြောပါတယ်။

“ကျနော်တို့က ဒီလိုတွေ့ဆုံပွဲတွေဟာ နားလည်သဘောပေါက်ပြီးသား လူတွေပဲ ဆွေးနွေးပြောဆိုနေ ကြတာ၊ ဖြစ်သင့်တာက နားမလည်သေးတဲ့လူတွေ၊ အထင်လွဲနေသေးတဲ့လူတွေ၊ အန္တရာယ်လို့တောင် မြင်နေတဲ့လူတွေရှိနေသေးတယ်၊ အဲဒီလူတွေကို သဘောပေါက်အောင် ကျနော်တို့က ကာယကံရှင်ပြောထားသော သူ့ဘာသာတရား အကြောင်းလေးတွေကို ကျတော်တို့က သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းဖို့ ကျနော်တို့ ဆရာတော်တွေဆီကို ချဉ်းကပ်ရမယ်၊ ဓမ္မကျောင်းတွေမှာလည်း ဘာသာပေါင်းစုံဆိုတဲ့ ဘာသာရပ်တစ်ခုထည့်ပေးပါ၊ ကျနော်တို့ကလည်း ကျနော်တို့ ဘာသာရေးကျောင်းတွေမှာပြောမယ်၊ အဲမှာ ဒီ့ပြင်ဘာသာရေးအကြောင်းတွေ သိအောင်လို့လည်း ဘာသာရပ်တစ်ခုထည့်ပေးပါ၊ ခရစ်ယာန် Sunday School တွေမှာလည်း ထည့်မယ်”

ဒီကနေ့ ဆွေးနွေးပွဲမှာ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရက ကမ္ဘာငြိမ်းချမ်းရေးအတွက် လူတစ်ဦးချင်းစီမှာထားရှိရမယ့် ငြိမ်းချမ်းရေးတရားကို အဓိကထားဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကလည်း ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းမှု၊ အတူတကွ ယှဉ်တွဲနေထိုင်နိုင်မှုစတဲ့ ငြိမ်းချမ်းရေးတရားတွေကို ရှေ့ရှုကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

(

မြန်မာပြည်မှာ အရင်က ဘာသာပေါင်းစုံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲု့ကပါတယ်။ နိင်ငံရေးသမားအချို့ အထူးသဖြင့် ညံ့ဖြင်းတဲ့ ခေတ်ပြောင်းတော်လှန်ရေး ရဲ. အတွေးအခေါ်တွေ၊ မအောင်မြင်မှုတွေကို ဖုံးကွယ်ဖို့ မှိုင်းတိုက်၊ လှုံ့ဆော်မှုတွေကြောင့် အဲ့ဒီ လူ.အဖွဲ့အစည်းရဲ့ ရှိပြီးသား ယဉ်ကျေးမှု ပျက်စီးသွားခဲ့ရတာပါ။ words alone cannot get the job done.

Jan 25, 2014 09:27 PM

U Thant Zin

နေရပ်- Yangon

We, our Buddhists don't need to learn Islamic teaching. We had already known about them by seeing what's happenings in Islamic countries.

Jan 22, 2014 07:31 AM

အမည်မဖော်လိုသူ

ဆော်ဒီအာရေဗျနိုင်ငံလို အာရပ်နိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို သင်ကြားပို့ချပေးရေး အောင်မြင်အောင် အရင် ကြိုးစားကြည့်ပါ။

Jan 19, 2014 12:59 PM

ဆိုက်တခုလုံးသို့