အမရဘဏ်ကို ဝန်ကြီးဌာန တောင်းပန်


2017.05.26
thura-uaungko-620.jpg သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို မေလ ၂၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်စင်တာ ၂ မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ယူနိုက်တက်အမရဘဏ်မှာ ဘာသာရေးအဖွဲ့အစည်းတွေ ငွေကြေးအပ်နှံထားမှုရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေ ကို ဖြေကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ယူနိုက်တက်အမရဘဏ်ဘက်ကို ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။

ဘာသာရေးအဖွဲ့အစည်းတွေက ယူနိုင်တက်အမရဘဏ်မှာ ငွေကျပ် သိန်း ၃၀၀၀ အပ်နှံထားတယ်ဆိုတာ စီစစ်တွေ့ရှိရတယ်လို့ ဝန်ကြီး သူရဦးအောင်ကို က နေပြည်တော်မှာကျင်းပနေတဲ့ ၂၁ ပင်လုံဖွင့်ပွဲရက်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး ပြောကြားမှုတွေဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ အမရဘဏ်ဘက်က ကြေညာချက်ထုတ် ငြင်းဆိုခဲ့ ပြီး နောက်ပိုင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က ပြန်လည်တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီကိစ္စအပေါ် ယူနိုက်တက်အမရဘဏ်ကို တောင်းပန်ခဲ့ပြီး ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲလိုဖြေကြားခဲ့ရာမှာ စိတ်ဆန္ဒစောစွာနဲ့ အမရဘဏ် အမည်ကို ဥပမာပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဗဟိုဘဏ်ကတဆင့် မေးမြန်းတဲ့အခါ ဗဟိုဘဏ်က အကြောင်းပြန်ခဲ့တာကို ဝန်ကြီး သူရဦးအောင်ကို က ပြန်လည်ပြောပြခဲ့တာပါ။

ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင်ခန့်ရှိတယ်ဆိုပြီး သတင်းရ ထားတယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ဘဏ်အသီးသီးမှာ အပ်နှံငွေတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို မေလ ၂ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မေးမြန်းခဲ့ပေမဲ့ ဒီနေ့အထိ သတင်းအချက်အလက် ပြန်ကြား တာ မရှိသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။