ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆို

2019-03-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခရီးစဉ် လူထုတွေ့ဆုံပွဲပြုလုပ်ပွဲမှာ ကြိုဆိုနေတဲ့ ပြည်သူတွေက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာတဲ့ ကားလမ်းတစ်လျှောက်က ပြည်သူတွေဟာ အလိမ်ခံနေရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရှိရေးစတဲ့ စာသားတွေပါတဲ့ ပိုစတာတွေကိုင်ပြီး တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

တွေ့ဆုံခွင့်ရဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အမှန်တကယ် အခက်အခဲ တွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေ မပါဝင်ဘဲ နားထောင်ပြီး ပြန်မယ့်သူတွေကို အောက်ခြေက ရွေးချယ် ခေါ်တာသာ ဖြစ်တယ်လို့ ဟုမ္မလင်းမြို့နယ် ဒေသခံ မရီရီမွန်က ပြောပါတယ်။

ဒါ့အပြင် တွေ့ဆုံခွင့် ရရှိတဲ့ပြည်သူတွေဟာလည်း ဝင်ခွင့်ကတ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ မတင်ဖို့ စတဲ့ အချက် ၃ ချက်ကို အာမခံချက် ပေးထားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်း ခန္တီး၊ ဟုမ္မလင်း၊ မုံရွာမြို့တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ပန်းတောင်း ဒေသကိုလည်း သွားရောက်ဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် ဒီကိစ္စကို RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီခရီးစဉ်တစ်လျှောက် နိုင်ငံတော် အတိုင်ပင်ခံရုံး လူမှုကွန်ရက် Facebook စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်မှုတွေလည်း ရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

What the public asking to get the chance to meet the State Councillor is right ? There are a lot of problems still being hidden by the government staff ( police, General Administration Offices, etc. )every where. And concrete data and reports in our country!

Mar 07, 2019 12:12 AM

ဆိုက်တခုလုံးသို့