မြန်မာနိုင်ငံသား ၇ ဦး ထိုင်းလူကုန်ကူးသူတွေလက်က ကယ်တင်


2013.08.09

ထိုင်းနိုင်ငံတောင်ပိုင်း စတန်းခရိုင် လငူးမြို့နယ် ကာဘန်ရွာအနီးက ငါးဖမ်းလှေတွေမှာ လူပွဲစားတွေကတဆင့် ရောင်းစားခံထားရတဲ့ အသက် ၂ အောက် ၃ ဦးအပါအင် မြန်မာနိုင်ငံသား ၇ ယောက်ကို မနေ့က ထိုင်းနိုင်ငံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ထိုင်းရေတပ်တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမြန်မာနိုင်ငံသား ၇ ဦးဟာ ထိုင်းနိုင်ငံသား ၂ ဦးပိုင်တဲ့ ငါးဖမ်းလှေနှစ်စီးပေါ်မှာ အတင်းအကြပ် ခိုင်းစေခံနေရကြောင်း ရနောင်ခရိုင် မိခင်နဲ့ကလေးစောင့်ရှောက်ရေးစခန်းကို လှေလုပ်သားတစ်ဦးက တယ်လီဖုန်းနဲ့ လှမ်းတိုင်ကြားခဲ့ရာက အခုလို လာရောက်ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို ကယ်တင်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ လငူးမြို့နယ်ရဲစခန်းက ရဲအရာရှိက ထိုင်းဘာသာနဲ့ အခုလို ပြောဆိုပါတယ်။

သက်ဆိုင်ရာ တာန်ရှိတဲ့လူတွေက စတန်းခရိုင်ကနေ သူတို့ကိုကယ်တင်လာပြီး ဒီ လငူးမြို့နယ်ဆိပ်ကမ်းကို ရောက်လာကြတာပါ၊ အကုန်လုံး ၇ ယောက်ရှိပါတယ်။ ၃ ယောက်ကတော့ အသက် ၂ အောက်တွေ ဖြစ်ကြပါတယ်၊ ကျန်တဲ့လူတွေကတော့ အသက် ၂၊ နောက်အသက် ၂၄ နှစ်တွေ ဖြစ်ကြပါတယ်၊ အကုန်လုံးဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြပါတယ်၊ အခုလောလောဆယ် သူတို့အားလုံးကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ ပို့ဆောင်ထားပါတယ်

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းမှာ အခုလို လူကုန်ကူးခံရပြီး ထိုင်းလုပ်ငန်းရှင်တွေထံမှာ အလုပ်လုပ်ကိုင်နေကြရသူတွေဟာ အခုနောက်ပိုင်း ပိုမိုများပြားလာနေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်းက အခုလို ပြောဆိုပါတယ်။

၁၃ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုပေါင်း ၃၂ ကြိမ် ကျနော်တို့ကူညီလိုက်ပြီး စုစုပေါင်း ၁၇၈ ယောက် လူကုန်ကူးခံရတဲ့လူပေါင်း ကယ်တင်ပြီးပြီ၊ ပွဲစားပေါင်း ၁၈ ယောက်ကိုလည်းပဲ ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်တယ်၊ လူကုန်ကူးမှုအခြေအနေကတော့ ပိုပြီးတော့များလာတယ်၊ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိသေးတဲ့အတွက် နေ့တဓူဝ ရာထောင်ချီပြီးတော့ ဒီထိုင်းနယ်စပ်တစ်လျှောက် ဝင်လာတဲ့အလုပ်သမားတွေအကုန်လုံးဟာ အဲ့ဒီလူကုန်ကူးသူတွေကတဆင့် လာရတာဖြစ်တယ်၊ ဒါကြောင့်မိုလို့ အရင်တုန်းကထက် ပိုပြီးတော့များလာတယ်လို့ ပြောလို့ရတယ်”

လူကုန်ကူးသူတွေနဲ့ လူပွဲစားတွေရဲ့ ရောင်းစားခံရတာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ငါးဖမ်းဆိပ်ကမ်းက ငါးဖမ်းလှေတွေမှာ အတင်းအကြပ်ခိုင်းစေခံနေကြရတဲ့ မြန်မာနိုင်ငံသားတွေ အမြောက်အများရှိနေသေးတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။