သတင်းထောက်နှစ်ဦးအမှု တရားရုံးဆုံးဖြတ်ချက် ပြန်သုံးသပ်ဖို့ ကုလသမဂ္ဂပြော


2018.09.04
ကိုကျော်စိုးဦး နဲ့ ကိုဝလုံး alone&Kyaw soe
Photo: RFA
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းလိုက်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ဒီမိုကရေစီအတွက် အရေးကြီးတာကြောင့် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သတင်းရေးတဲ့အတွက် ဖမ်းဆီးထောင်ချတယ်ဆိုတာ လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း ပြောပါတယ်။ 

ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကလည်း ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရတဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်စ ီချမှတ်လိုက်တာဟာ မြန်မာနိုင်ငံ အမှောင်ကျသွားတဲ့ အခိုက်အခါ ဖြစ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီတို့က ပြောဆိုခဲ့ကြပါတယ်။

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးသစ်အဖြစ် စတင်တာဝန်ယူလိုက်တဲ့ မစ်ချယ်ဘက်ချ်လက် ကလည်း... တရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောဆိုလိုက်ပြီး၊ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။