ဖမ်းဆီးမှတ်တမ်း မီးရှို့လိုက်ပြီဟု ရဲအရာရှိပြောကြား


2018.02.06
reuters-622.jpg ရိုက်တာသတင်းထောက်တွေကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA

ရိုက်တားသတင်းထောက်နှစ်ယောက်ကို မနှစ်က ဒီဇင်ဘာလမှာ ဖမ်းဆီးချိန်က ရေးမှတ်ထားတဲ့ မှတ်တမ်းတွေကို မီးရှို့လိုက်ပြီလို့ တရားလိုပြသက်သေ ရဲအရာရှိက တရားရုံးမှာ မနေ့က ထွက်ဆိုပေမဲ့ ဘာအကြောင်းကြောင့် မီးရှို့ဖျက်ဆီးလိုက်သလဲဆိုတာကိုတော့ မပြောကြားပါဘူး၊ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မယ့် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဒုရဲအုပ် တင်ထွေးဦးက အဲဒီလို သက်သေထွက်ဆိုသွားတာပါ။

ဖမ်းဆီးချိန်က အကြောင်းအရာ အသေးစိတ်တွေကို အခြေခံပြီး မှတ်စုစာအုပ်ထဲရေးထားတာတွေကို ဖတ်ကြားပြ တာလို့ပြောပြီး ပြန်လှန်မေးခွန်းမေးတဲ့အခါ ရေးမှတ်ထားတဲ့ မူရင်းမှတ်တမ်းကို ညွှန်ကြားထားတာမရှိဘဲ မီးရှို့လိုက်တယ်လို့ ပြောပါတယ်။

ဘာ့ကြောင့်မီးရှို့သလဲဆိုတာ ရဲတွေကပဲ သိမယ်လို့ ကိုဝလုံးတို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က သတင်းထောက်တွေကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။