အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်လို့ အတိုင်ပင်ခံ ပြောခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း ကိုဝလုံး ဇနီးပြော

2018-09-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရိုက်တာသတင်းသမားနှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေ ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ရိုက်တာသတင်းသမားနှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေ ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Htet Arkar/RFA

ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေနှစ်ဦးက ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိမ်ထောင်ဦးစီးတွေက ထောင်ထဲမှာ ရှိနေတဲ့အတွက် မိန်းမသားတွေအနေနဲ့ အဆင်မပြေပေမယ့် အားတင်းထားကြောင်းလည်း ပြောပါတယ်။

ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုကတော့ ဖခင်ဖြစ်သူ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်လို့ သူ့သမီးလေးမှာ စိတ်ဒဏ်ရာရသွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန ၇ ခုဆီကို အသနားခံစာတင်ခဲ့တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

I understand how you feel. Let us try to see the picture behind what the State Councilor said. According to me, she knows the truth and she stated the case as it is but she is very sharp in pointing us to see if there is rule of law in judiciary system which she has no control over. The court is responsible for decision making. I think the decision was made purposely by the accusers to revenge the Fact Finding Mission report by the UN and Facebook Company. It is not fair.

Sep 05, 2018 09:50 AM

ဆိုက်တခုလုံးသို့