သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆို

2018-02-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရိုက်တာသတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ပုသိမ်မြို့မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သတင်းမီဒီယာသမားတွေ ဆန္ဒထုတ်ဖော်စဉ်
ရိုက်တာသတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ပုသိမ်မြို့မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သတင်းမီဒီယာသမားတွေ ဆန္ဒထုတ်ဖော်စဉ်
Photo: Aung Thain Kha/ RFA

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး နဲ့ ကိုမိုးအောင် (ခ) ကိုကျော်စိုးဦး တို့ကို လွှတ်ပေးဖို့ သတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့ ပူးပေါင်းပြီး ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့က ရွှေမောဒေါဘုရားရှေ့ကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ပြီး သတင်းသမား နှစ်ဦး ပုံတွေ ကိုင်ဆောင်ပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။

လမ်းတလျှောက်မှာ “ပြည်သူလူထု၏ သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေမှုနှင့် သတင်းမီဒီယာများ ဖိနှိပ်ခံနေရမှု အသိပေးခြင်း” ဆိုတဲ့ လက်ကမ်းစာစောင်တွေကိုလည်း အများပြည်သူထံ ဖြန့်ဝေခဲ့ပါတယ်။ အဲဒီလက်ကမ်း စာစောင်ထဲမှာ သတင်းမီဒီယာတွေဟာ ပြည်သူတွေကို သတင်းအမှန်ပေးနိုင်တဲ့ အခြေအနေမရှိကြောင်းနဲ့ သတင်းလွတ်လပ်ခွင့် မရှိကြောင်း ရေးသားထားတာတွေ ပါရှိပါတယ်။

ရိုက်တာ သတင်းသမား နှစ်ဦး ဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုဝင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးဖြစ်ကြောင်း လက်ကမ်းစာစောင်မှာ ဖေါ်ပြထားပါတယ်။ သတင်းသမားတွေ ကာကွယ်ရေး ကော်မတီဘက်က အဲဒီလို ထောင်ချောက်ဆင် ဖမ်းဆီးတဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို တရားစွဲဆိုဖို့ နည်းလမ်းရှာ ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုမိုးအောင်တို့ကို အစိုးရက နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။ အဲဒီ သတင်းထောက် နှစ်ဦး ဟာ မောင်တောခရိုင် အင်းဒင်ရွာက ရိုဟင်ဂျာ မွတ်စလင် အမျိုးသား ၁၀ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်တာ သတင်းဌာနက စုံစမ်းလေ့လာတွေ့ရှိချက်တွေကို သက်သေခံ ဓါတ်ပုံတွေနဲ့တကွ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့