ပြည်ပကို ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့ခဲ့

2017-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံက နိုင်ငံခြားကို အခု ၂ဝ၁၆-၁၇ ဘဏ္ဏာရေးနှစ်အတွက် ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ခန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂ဝ၁၅-၁၆ ဘဏ္ဏာရေးနှစ်ကထက် တန်ချိန် ၂ သောင်းခွဲ ပိုလာတာဖြစ်ပေမယ့် မူလ ရည်မှန်း ချက်ဖြစ်တဲ့ တန်ချိန် ၂ သန်းကိုတော့ ပြည့်မှီခဲ့ခြင်း မရှိပါဘူး။

အခုလို မနှစ်ကထက်ပိုပြီး တင်ပို့ရောင်းချနိုင်တာဟာ တရုတ်နဲ့ သီရိလင်္ကာနိုင်ငံတွေရဲ့ ဝယ်လိုအား များပြားလာခဲ့မှုအပြင် မြန်မာငွေတန်ဖိုးကျပြီးေ ဒ်ါလာဈေးတက်တဲ့အတွက် ဆန်လုပ်ငန်းရှင်တွေက နိုင်ငံခြားကို ပိုပြီးတင်ပို့နိုင်အောင် အလုအယက် ကြိုးစားကြတဲ့အတွက်ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးရဲမြင့်အောင် ကပြောဆိုကြောင်း ယူကရိန်းကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီထက်ပိုပြီး တင်ပို့ရောင်းချနိုင်အောင် ဆန်စပါးအရည်အသွေး ပိုကောင်းဖို့လိုတယ်လို့လည်း ဦးရဲမြင့်အောင် ကပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့