အင်ဒိုနီးရှား အမှားကို သင်ခန်းစာယူဖို့ မြန်မာကို လူ့အခွင့်အရေးအဖွဲ့ သတိပေး

မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအမှားကို မလိုက်ဖို့ သတိပေးလိုတယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဂျာမင်က ပြောကြားလိုက်ပါတယ်။ မြန်မာပြည်ဟာ အင်ဒိုနီးရှားပြုခဲ့တဲ့ အမှားမျိုးတွေကို ထပ်မလုပ်မိအောင် သင်ခန်းစာယူ ရှောင်ကွင်းနိုင်ပါတယ်၊ အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအတွက် တရားမျှတအောင် မဆောင်ရွက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရတယ်၊ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့သူတွေဟာ အစိုးရအဖွဲ့မှာ ထိပ်တန်းနေရာတွေ ရနေကြပြီလို့ ရာဖန်ဒီ ဂျာမင်က ဆိုပါတယ်။

2010.08.16
indonesia_rights_asean_305_Z အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သူဟာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ အင်ဒိုနီးရှား နိုင်ငံ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်၊

ရာဖန်ဒီ ဂျာမင်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ် ကင်တားနားနဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့စဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်၊ မစ္စတာ ကင်တာနား ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူ့ အခွင့်အရေး တိုးတက် ထွန်းကားအောင ်ဆောင်ရွက်နေပုံ နဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင်ကူးပြောင်းပုံတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။