RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

2012.04.27
dr-aye-maung-b305 ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
RFA

NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-27 13:43

တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လောက်ဘဲ ငြိမ်းချမ်းရေးလုပ်ဆောင်နေပါစေ ကချင်မှာ တိုက်ပွဲဖြစ်နေသမျှကတော့ ဒိုဒီအစိုးရကို လုံးဝမယုံပါ။

Anonymous
2012-04-28 20:04

သတင်းများရေးပို့ရန်