အမှုဖွင့် အရေးယူသင့်မသင့် ICC တရားသူကြီးများ ကြားနာမည်

2018-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုရှိ ကလေးငယ်များကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုရှိ ကလေးငယ်များကို တွေ့ရစဉ်
Photo: AFP

ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာနိုင်ငံကနေ အင်အားသုံး နှင်ထုတ်ခဲ့ခြင်းရှိမရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေး အရေးယူဖို့ သင့်မသင့်၊ ဆုံးဖြတ်ချက် ချနိုင်ရေးအတွက် ဇွန်လ ၂ဝ ရက်နေ့မှာ ICC တရားသူကြီးတွေက တံခါးပိတ် ကြားနာမယ်လို့ သိရပါတယ်။

ဒီကြားနာပွဲကို ICC ရှေ့နေချုပ် Fatou Bensouda တစ်ဦးတည်းက ICC တရားသူကြီး ၃ ဦး ရှေ့မှောက်မှာ တင်ပြအစီရင်ခံမယ်လို့ သိရပါတယ်။

Ms. Fatou Bensouda ဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ် ထွက်ပြေးအောင် ဆောင်ရွက်ခဲ့တာဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု Crime Against Humanity မြောက် မမြောက်၊ ICC တရားရုံးက ဆုံးဖြတ် လက်ခံပေးဖို့ ပြီးခဲ့တဲ့ ဧပြီလက ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ICC လက်မှတ်ထိုးသဘောတူထားတဲ့ နိုင်ငံမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကသာ လက်မှတ်ထိုး အဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အတွက် တရားဥပဒေကြောင်းအရ ဒီကိစ္စ စိစစ်ဆုံးဖြတ်ပေးဖို့ တင်ပြချက်မှာ ပါဝင်ခဲ့ပါတယ်။

၂ဝဝ၂ ခုနှစ်က နယ်သာလန်နိုင်ငံ the Hague မြို့မှာ ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစတဲ့ အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့