ရိုဟင်ဂျာကိစ္စ အမြန်အရေးယူဖြေရှင်းပေးဖို့ အမေရိကန် တိုက်တွန်း

2018-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်ပြဿနာကို အမြန်အရေးယူ ဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက မနေ့က တိုက်တွန်းလိုက်ပါ တယ်။

နယူးယောက်မြို့ ကုလသဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အမေရိကန် သံအမတ်ကြီး နစ်ကီဟေလီက အခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး ရိုဟင်ဂျာ ပြဿနာကို အဆုံးသတ်ဖို့အတွက် လုံခြုံရေးကောင်စီက တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ လက်တွေ့ဖြေရှင်း ဆောင်ရွက်လာအောင် အားပေးတဲ့ နည်းလမ်းတွေ လုံခြုံရေးကောင်စီမှာ ရှိကြောင်းလည်း သူက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စ ဆုံးဖြတ်ချက်တရပ် အမြန်ချမှတ်သင့်ကြောင်း၊ ဒါပေမဲ့ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံတချို့ဟာ ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး ကောင်စီ ဆုံးဖြတ်ချက် ချမှတ်လို့မရအောင် အကာကွယ်ပေးနေတာတွေရှိကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက မြန်မာကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ဝင်ရောက်အကာကွယ် ပေးနေတာကို ပြောကြားတာဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ အမည်ကိုတော့ ထည့်သွင်းပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ သဘောထား ကြေညာချက် ထုတ်ပြန်ရာမှာ မြန်မာကို ဖိအားပေးတဲ့ အသုံးအနှုန်းတချို့ကို တရုတ်နိုင်ငံက ဖယ်ရှားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့