မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုတို့ သဘောတူ MoU လက်မှတ်ရေးထိုးမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလာဒေ့ရ်ှနိုင်ငံက ဒုက္ခသည် ဆိုင်ရာ ကော်မရှင်နာ Monammad Abul Kalam က ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ်ရုံး UHNDP တို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံက ပြန်လက်ခံရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြာသာပတေးနေ့က သဘောတူခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို လာမယ့် အပတ်အတွင်း လက်မှတ်ရေးထိုး ကြဖွယ် ရှိပါတယ်။
ဒါဟာ အပြုသဘောဆောင် ပြောင်းလဲခြင်းဖြစ်တယ်လို့ ကော်မရှင်နာ Kalam ပြောပါတယ်။ ဒီသဘောတူညီချက် ကြောင့် ဒုက္ခသည်တွေကို အဆင်ပြေပြေ ပြန်ပို့နိုင်မှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့လည်း ပူးပေါင်းကူညီဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိပ်ကို ဘင်္ဂလာဒေ့ရ်ှနိုင်ငံအနေနဲ့ မသိရှိသေးတာကြောင့် အသေးစိပ် တော့ မှတ်ချက်မပေးလိုသေးဘူးလို့ မစ္စတာ Kalam က ပြောပါတယ်။