ရိုဟင်ဂျာ ချေမှုန်းမှု နှစ်ပတ်လည်ပွဲ ကုလသမဂ္ဂ ကျင်းပဖို့ စီစဉ်

ဒီလကုန်ပိုင်းမှာကျင်းပမယ့် အစည်းအဝေးမှာ အကြမ်းဖက်ဖြိုခွဲလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကို ရိုဟင်ဂျာမွတ်စလင် ၇ သိန်းထွက်ပြေးရတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်ကျင်းပဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စီစဉ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်တချို့ကို တွေ့ရစဉ်

ဒီလကုန်ပိုင်းမှာကျင်းပမယ့် အစည်းအဝေးမှာ အကြမ်းဖက်ဖြိုခွဲလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းထွက်ပြေးရတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်ကျင်းပဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စီစဉ်နေပါတယ်။

လူမျိုးစုရှင်းလင်းတယ်လို့ပြောတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီကိစ္စကို အစည်းအဝေးမှာ ရှင်းလင်းပြဖို့ရှိတယ်လို့ ဒီလအတွက် လြုံခုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကျတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ် Karen Pierce က ပြောပါတယ်။

ဒီလ ၂၈ ရက်မှာကျင်းပမယ့် အစည်းအဝေးမှာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ မြန်မာနိုင် ငံကို ချွင်းချက်မရှိသွားနိုင်ဖို့ အလေးထား ဆွေးနွေးမယ်လို့ သံအမတ် Karen Pierce က ပြောပါတယ်။ ဒါမှ ဒုက္ခသည်တွေ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ လုံခြုံပြီး စိတ်ချလက်ချပြန်နိုင်မယ့် အစီစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ လုပ်ကိုင်နိုင်မယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ သက်သေအထောက်အထားတွေ စုဆောင်းနေတုန်းပဲလို့လည်း ပြော ပါတယ်။ သီးခြားလွတ်လပ်တဲ့ရှေ့နေတွေက စုဆောင်းဆောင်ရွက်နေတာဖြစ်ပြီး သက်သေအထောက် အထားတွေကို ပိုနည်းလမ်းတကျ စုဆောင်းသင့်-မသင့် လာမယ့် သီတင်းပတ်တွေမှာ ဆွေးနွေးဖို့ရှိတယ် လို့ ပြောပါတယ်။

သြဂုတ် ၂၅ ရက်ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေလည်း သုံးသပ်မယ်လို့ ဆိုပါတယ်။

အဖွဲဝင် ၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗီဒိုအာဏာ မသုံးဘဲ ၂ဝ၁၆ ဒီဇင်ဘာလက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးအဖွဲ့ဟာ နိုင်ငံတကာဥပဒေချိုးဖောက်တဲ့ ဆီးရီးယားအရေး ဘက် ရောက်နိုင်တဲ့အလားလာ လည်းရှိပါတယ်။