လူမျိုးတုံးသုတ်သင်မှုလုပ်ရပ်တွေကြားက အမျိုးသမီးတွေတရားမျှတမှုရဖို့ GJC ထောက်ပြ


2018.12.07
bangladesh-rohingya-622.jpg ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကလေးငယ်တချို့ကို တွေ့ရစဉ်
Photo: AP

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ အီရတ်နိုင်ငံက ယာဇီဒီ လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ် မှုတွေရှိခဲ့ပြီး အဲဒီနှစ်ခုစလုံးမှာ ကျား၊ မ ခွဲခြား အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဗဟိုအဖွဲ့ (GJC) က သုံးသပ်ချက်တစောင် မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

သူတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတွေ ဆောင်ရွက်နေချိန်အတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခဲ့တာတွေအတွက် လေးနက်တဲ့တုံ့ပြန်ဆောင်ရွက်မှု လိုအပ်ပါတယ်၊ အဲဒီလို လူမျိုးတုံးသတ်ဖြတ် မှု စစ်ဆင်ရေးတွေကို လျစ်လျူရှုမထားသင့်ဘူးလို့ သုံးသပ်ချက်စာတန်းကို ရေးသားတဲ့ “ဆာရီတာ အတ်ရှရတ်ဖ်” (Sareta Ashraph) က ပြောပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် တရားမျှတမှု အစစ်အမှန်မရသလို၊ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း ကျား၊ မ ကွဲပြားမှုအပေါ် အခြေပြုကျူးလွန်ခဲ့တာတွေအတွက် တာဝန်ယူမှုနဲ့ ဖြေရှင်းဖော်ထုတ်ဖို့ဟာလည်း အဓိကဖြစ်တယ် လို့ အဲဒီ ကျားမအခြေပြု လူမျိုးတုံးသတ်ဖြတ်မှု သုံးသပ်ချက်စာတန်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။