ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ

ဝေမာထွန်း
2019.12.21
myanmar-officer-meet-bangladesh-refugees-622 နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံခဲ့စဥ်
Photo: MOI Webportal Myanmar

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကို သွားရောက်ခဲ့စဉ် အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

အခုလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာခရီးစဉ်အတွင်း ကော့စ်ဘဇားက တိုးချဲ့အမှတ်(၄) စခန်းရုံးမှာ စခန်းအသီးသီးက နေရပ်စွန့်ခွာသူ ၅၀ ခန့်နဲ့ တွေ့ဆုံခဲ့သလို ဟိန္ဒူဘာသာဝင်တွေကိုလည်း သီးသန့်တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဥပဒေနဲ့အညီ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနေကြောင်း၊ လုံခြုံရေးအစီအမံတွေ အပါအဝင် တရားစီရင်ရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ မြန်မာအစိုးရက အားထုတ်ကြိုးပမ်းနေကြောင်းနဲ့ သက်သေခံကတ်ပြား တစ်စုံတစ်ရာ မရှိသူတွေအနေနဲ့ NVC ကတ်ကိုင်ဆောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့စ်ဘဇားကိုသွားပြီး နေရပ်စွန့်ခွာသွားသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ကြိမ်သွားရောက်မှုဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။