ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားကို HRW ကပြောကြား

အကြမ်းဖက်မှုတွေ ပြီးဆုံးသွားပေမဲ့ ရခိုင်ပြည်နယ် အခြေအနေဟာ ပိုကောင်းမလာဘဲ တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်လို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရာရှိကြောင်း၊ အင်ဒိုနီးရှား အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က မနေ့က ပြောကြားလိုက်ပါတယ်။

2012.08.10
hrw-phil-robertson-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ HRW အာရှရေးရာ ဒုတိယအကြီးအကဲ မစ္စတာ Phil Robertson ရှင်းလင်းပြောကြားနေစဉ်။
RFA

မြန်မာအစိုးရက ပဋိပက္ခတွေ ရပ်တန့်သွားအောင် လုပ်နိုင်ပေမဲ့ အကာအကွယ် ပေးဖို့ကိုတော့ ပျက်ကွက်ခဲ့တယ်လို့ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက HRW ကို ပြောကြားတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် အခြေအနေတွေ မပြောင်းလဲဘူးဆိုရင် လာမယ့် အောက်တိုဘာလကနေ မတ်လအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာလှေတွေ အတော်များများ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရှိပြီး သူတို့ကို လက်ခံစောင့်ရှောက်ဖို့ အင်ဒိုနိးရှားအစိုးရမှာ တာဝန်ရှိတာနဲ့အညီ သူတို့ကို ယာယီ ဒုက္ခသည် စခန်းတွေမှာထားပြီး အကူအညီပေးဖို့ Mr Robertson က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။