အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်


2013.07.11
rso-rohingya-military-training-305.jpg Ar Rahmah အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေပုံဖြစ်ပါသည်
photo: arrahmah.com

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင်  ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့  ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး  လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ  ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI)  အစွန်းရောက် မွတ်စလင်အဖွ့ဲဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။