ဝါရှင်တန်သံရုံးရှေ့ မွတ်စလင်တွေ ဆန္ဒပြ

2014-02-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာအစိုးရရဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ  ရိုဟင်ဂျာမွတ်စလင် တချို့ မနေ့က လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

"လူမျိုးတုန်း သတ်ဖြတ်မှု ချက်ချင်းရပ်၊ ချက်ချင်းရပ်၊ တန်းတူညီမျှ အခွင့်အရေး ချက်ချင်းပေး၊ ချက်ချင်းပေး"

ဆန္ဒပြသူတွေက ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ ရပ်တန့်ပါ၊ ဒုချီးရားတန်း သတ်ဖြတ်မှု စုံစမ်းပေးပါစသဖြင့် အင်္ဂလိပ်လိုရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ မွတ်စလင်တွေအပေါ် အမုန်းပွားစေတဲ့ ဟောပြောမှုတွေ ရပ်တန့်ပေးဖို့စတဲ့ တောင်းဆိုချက်တွေပါ စာတမ်းတခုကိုလည်း မြန်မာသံရုံးကို ပေးအပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အမေရိကန် - မြန်မာရိုဟင်ဂျာ မိတ်ဆွေဖြစ်အသင်း BRAFA ရဲ့ တာဝန်ခံ ဦးကျော်စိုးအောင်က သမ္မတဦးသိန်းစိန်ဟာ ကတိမတည်ဘူးလို့ ပြောပါတယ်။

အမေရိကန်ကိုလာရောက်ပြီး  သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့စဉ်က ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို မြှင့်တင်ဆောင်ရွက်မယ်လို့ သမ္မတဦးသိန်းစိန်က  ပြောခဲ့ပါတယ်။ ဒါအပြင် လူနည်းစုတွေကိုလည်း စောင့်ရှောက်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ကတိအတိုင်း ဆောင်ရွက်တာမရှိခဲ့ပါဘူးလို့ ပြောသွားတာပါ။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ BMA ဗမာမွတ်စလင်အသင်းဝင် ဦးဝင်းနိုင်ကလည်း မြန်မာနိုင်ငံမှာ မွတ်စလင်တွေ တန်းတူအခွင့်အရေးရအောင် လှုပ်ရှားဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ရိုဟင်ဂျာများကိုလည်း ဘင်္ဂါလီလို့ မတရားစွပ်စွဲပြီးတော့ နိုင်ငံသားအဖြစ် ပေးရမှာကိုစိုးရိမ်ပြီး နည်းမျိုးစုံနဲ့ နိုင်ငံတကာကို လှည့်လည်ပြီးတော့ ပြောဆိုအသုံးချနေတာကိုလည်းပဲ လူကြီးမင်းတို့ သိပြီးဖြစ်ပါတယ်၊ ကျနောတို့ မွတ်စလင်အားလုံးဟာ တန်းတူအခွင့်အရေးရရှိဖို့ဆိုတာ ကျနော်တို့ တိုက်ယူမှသာလျှင်ဖြစ်တော့မည် ဖြစ်ပါတယ်"

ဒီဆန္ဒပြပွဲမှာ အမေရိကန်ပြည်နယ် အချို့မှာရှိကြတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို ထောက်ခံကြသူ စုစုပေါင်း အင်အား ငါးဆယ်ခန့် ပါဝင်ခဲ့ပါတယ်။

ကွန်မင့်များ (3)
Share

Yusuf Iqbal

နေရပ်- USA

BURMESE racist gives command with ignorance.

Mar 09, 2014 02:45 AM

အမည်မဖော်လိုသူ

this is ridiculous. these Rohingyas never belonged to Burma or any of Burmese native tribes, they belonged to Bangladesh. You were born in Burma, that does not mean you are one of its tribe. Go back to where you came from guys.

Mar 04, 2014 09:34 AM

native

နေရပ်- burma

HEY GUYS MUSLIM TROUBLE IN BURMA ISN'T MUSLIM, BE CAREFUL IF CHANGE TO RELIGION OR RACE YOU WILL GET MORE PROBLEM. IN BURMA A LOT OF NATIVE WHERE ARE YOU FROM THEY HAVE KNOWN, BUT THEY ARE SOLVING NATIONAL CASE. THEREFORE YOU BE QUIET,IF DON'T ,AFTER THIS WILL BACK TO YOU-REMEMBER DURING IN 1960 BURMA-CHINA PROBLEM.ALL BURMA BORDER NATION THEY HAVE ARMS . IN THIS TIME UN CANNOT HELP YOU. BEWARE!!!!!!!

Mar 02, 2014 10:31 PM

ဆိုက်တခုလုံးသို့