ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေနဲ့ လှေစီးဒုက္ခသည်တွေကို လက်မခံဖို့ ရန်ကုန်မြို့ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ရဟန်းသံဃာတော်တွေနဲ့ လူတစ်ထောင်လောက် ဒီကနေ့ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ လက်မခံဖို့ အစိုးရကိုတောင်းဆို ကြောင်း အဲဒီလူထုဟောပြော ပွဲမှာ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။
"နိုင်ငံတော်သမ္မတကြီးနှင့်တကွ မြန်မာအစိုးရကိုလည်း ထပ်လောင်းပြီးတော့ ပြောကြားလိုပါတယ်၊ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာများကို ဘယ်သောအခါမှ လက်မခံပါနဲ့လို့ ဘုန်းကြီးတို့က တိုက်တွန်းပါတယ်"
ဒါ့အပြင် ရွှေတိဂုံဘုရားအနီးမှာ အဆင့်မြင့်အဆောက်အဦးတွေ ဆောက်လုပ်မယ့် အစီအစဉ်ကို ကန့်ကွက် လိုက်ကြောင်းနဲ့ အဆောက်အဦး ဆောက်လုပ်ခွင့်ပေး ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာရဲ့ ရန်သူဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ရန်ကင်းစင်တာအနီးထိ လမ်းလျှောက်ချီတက်ကြပြီး ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဟောပြောခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီနေ့ လူထုဟောပြောပွဲကို ပရဟိတအဖွဲွ့အစည်း ၂၀ လောက်က ဝိုင်းဝန်းစီစဉ်ခဲ့တာလို့ သိရပါတယ်။