အိန္ဒိယရောက် ရိုဟင်ဂျာတွေ မြန် မာကို ပြန်မပို့ဖို့ ဥရောပ ရိုဟင် ဂျာကောင်စီ အသနားခံ


2017.04.10
rohingya-refugees-620.jpg အင်ဒိုနီရှားနိုင်ငံ Lhoksukon မှာ မေလ ၁၁ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

အိန္ဒိယနိုင်ငံတွင်းကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ၊ ယာယီ စောင့်ရှောက်ထားဖို့ ERC ခေါ် ဥရောပ ရိုဟင်ဂျာကောင်စီ အမည်ရှိ အဖွဲ့က အိန္ဒိယ ဝန်ကြီးချုပ်ထံ အသနားခံစာ ပေးပို့ခဲ့ပါတယ်။

အဲဒီ သနားခံစာကို နိုင်ငံတကာ သတင်းမီဒီယာတွေကိုလည်း အီးမေးလ်ကတဆင့် ပေးပို့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ သူတို့ကို စိစစ်၊ ဖမ်းဆီး၊ နေရပ်ပြန်ပို့ဖို့အိန္ဒိယ အစိုးရ က ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့သလို ဆုံးဖြတ်ခဲ့တာကလည်း မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယရောက် ရိုဟင်ဂျာတွေ ပူးပေါင်းပြီး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တခု ဖွဲ့စည်းခဲ့တယ် ဆိုတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲအခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG ရဲ့ ပြောဆိုချက်ကို အခြေပြုပြီး၊ အောက်လွှတ်တော်မှာ အမတ် တယောက်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင်၂၀၁၃ ခုနှစ် က IS အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်နေတဲ့ အိန္ဒိယ မူဂျာဟစ်တွေက ဗုဒ္ဓဂါယာမှာ တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း၊ အခု အိန္ဒိယရောက် ရိုဟင်ဂျာတွေကို အကြမ်းဖက် သင်တန်းတွေ လေ့ကျင့်ပေးနေတယ်ဆိုတာ အလွန်စိုးရိမ်စရာဖြစ်ကြောင်း၊ အခုဆိုရင် ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေ မှာရောက်ရှိနေတဲ့ ရိုဟင်ဂျာ အရေအတွက် တသောင်းလောက်ရှိပြီး၊ ကုလသမဂ္ဂ UNHCR မှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေသူ တသောင်းခွဲ လောက် ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။