အမျိုးသား ပညာရေးဥပဒေကို စစ်ကိုင်းကျောင်းသားများ ဆန္ဒပြ


2014.09.01
sagaing-students-protest-education-305.jpg အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည်ရေး ဆွဲပေးဖို့ စစ်ကိုင်းမြို့ သမဝါယမတက္ကသိုလ်ရှေ့တွေမှာ စက်တင်ဘာလ ၁ ရက်နေ့က တက္ကသိုလ်ကျောင်းသားတချို့ ဆန္ဒထုတ်ဖော်စဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းမြို့မှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းနည်း ပညာတက္ကသိုလ်နဲ့ သမဝါယမတက္ကသိုလ်တွေရှေ့မှာ တက္ကသိုလ်ကျောင်းသား ၃၀ လောက်ဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲအပြီးမှာ စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂက အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး အချက် ၉ ချက် ပါတဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။

အမျိုးသား ပညာရေးဥပဒေရေးဆွဲရာမှာ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ မပါဝင်တဲ့အတွက် အမျိုးသားပညာရေးဥပဒေ ဟာ ကျောင်းသားနဲ့ ပြည်သူကို ကိုယ်စားမပြုကြောင်း၊ အဲဒီဥပဒေမှာ ပြဌာန်းထားတဲ့ အမျိုးသား ပညာရေးကော် မရှင် ဖွဲ့စည်းခြင်းဆိုတဲ့အချက်ဟာ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဆက်လက်ကျင့်သုံးလိုခြင်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဒီဆန္ဒပြပွဲမှာ စစ်ကိုင်း၊ မန္တလေးနဲ့ မုံရွာတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ် ပါတယ်။

အမျိုးသား ပညာရေးဥပဒေအပေါ် မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် NNER ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။