မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးဟာ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည (မြန်မာစံတော်ချိန် တနင်္လာနေ့ မနက်ပိုင်း) က တယ်လီဖုန်း ဆက်သွယ် ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ခိုင်မာလုံခြုံမှုရှိအောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

2012.05.21
assk-clinton-day2-305 အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ အတူတွေ့ရစဉ်။
RFA

မြန်မာနိုင်ငံက အပြောင်းအလဲတွေ မတည်ငြိမ်သေးဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ်ကလင်တန်တို့ နှစ်ဦးစလုံး သဘောတူခဲ့ကြကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့လတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အလွယ်တကူ ပြန်လည် ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာပဲ ရှိနေပြီး ဒါတွေကို နောက်ပြန်လှည့်မသွားနိုင်အောင် အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေ လိုအပ်တယ်ဆိုတာ မစ္စစ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးက သဘောတူခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာတွေကို ပယ်ဖျက် လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။