ပိတ်ဆို့မှုတွေ ရပ်ဆိုင်းတဲ့အတွက် အမေရိကန်အမတ်တွေက ဝေဖန်

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု တချို့ကို ဆိုင်းငံ့ထားလိုက်တဲ့အပေါ် အမေရိကန် ကွန်ဂရက် လွှတ်တော်က ထင်ရှားတဲ့ အောက်လွှတ်တော် အမတ် သုံးဦးက စိုးရိမ်ပူပန်ကြောင်း ကြေညာချက် အသီးအသီး ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2012-05-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မေလ ၁၈ ရက်နေ့ စွဲ နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ထံ တင်သွင်းတဲ့ အဲဒီ ကြေညာချက်တွေမှာ အောက်လွှတ်တော် တရားရေးရာ ကော်မတီ ဥက္ကဋ္ဌ Mr Trent Franks က သမ္မတ အိုဘားမား အစိုးရဟာ ဆီိးရီးယားနိုင်ငံမှာ အတိုက်အခံတွေကို ကူညီတဲ့အနေနဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်နေတဲ့ အချိန်မှာ မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် ကချင်ပြည်နယ်က ပြည်သူတွေအပေါ် ကျောခိုင်းလိုက်တယ်လို့ ပြောဆိုပြီး စွမ်းအင်နဲ့ ကူးသန်းရောင်းဝယ်ရေးရာ ကော်မတီဝင် Joseph Pitts ကတော့ ကချင်ပြည်သူလူထု ခုနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ အိုဘားမား အစိုးရဟာ မြန်မာအစိုးရကိုတော့ ဆုလဒ်တွေ ချီးမြှင့်နေတယ်လို့ ဖော်ပြပါရှိပါတယ်။

အလားတူ ကွန်ဂရက် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးရာ ကော်မတီ ဥက္ကဋ္ဌ Ileana Ros-Lehtinen ကလည်း အိုဘားမား အစိုးရအနေနဲ့  မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု တချို့  ဆိုင်းငံ့ခြင်းဟာ အချိန်မကျသေးဘဲ ဆောင်ရွက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကွန်မင့်များ (3)
Share

Aung Zaw Naing

Hi whoever want to put sanctions on Myanmar,
the sanctions were really hurting basic peoples, santions make more prostitutes, more poor peoples, more criminals, that's all are set back of democracy. Sanctions has a little effect to ruthless miliary rulers & gave big opportunities to cronies to become very very rich. So, pls stop killing our basic peoples by puttin up sanctions, our country already going to democracy, no more suffering to our peoples. PLEASE< PLEASE > PLEASE.

Jul 16, 2012 12:11 AM

Micheal

နေရပ်- Myanmar

Mr. Obama, Nobel Prize winner should ashamed himself. I am also surprise on what he did. I think he should not. But he already gave killing permission to Burmese Military Regime and awarded such kind of prize. What can we do. Nothing, but, I wish, May God bless you!

May 21, 2012 08:45 AM

Tun Zaw oo

မပေးချင်လည်း ပေးရတော့မဲ့အခြေအနေကို အဲဒီအမတ်တွေ မသိလို့နေမှာပါ. ဘယ်သူကြောင့်/ဘယ်အစိုးရကြောင့်မှမဟုတ်ဘူး မဟာဗျူဟာအရ မြန်မာနိုင်ငံကို မဝင်ဘဲနေလို့မရတော့လို့ အမြန်ဆုံးနည်းနဲ့ဝင်နေကြရရှာတာပါ
ဘယ်ပုဂ္ဂိုလ်/အဖွဲ့အစည်းကြောင့်မှမဟုတ်ပါဘူး အဲဒီလူတွေလည်း ကိုယ့်ကိုယ်ကို အထင်တေကြီးမနေကြပါနဲ့ဦး. ဝေဖန်တဲ့အမတ်တွေကိုလည်းပြောပြပေးပါ. ဟန်ဆောင်ပန်ဆောင် အော်မနေပါနဲ့ လို့. မြွေမြွေချင်းခြေမြင်ပါတယ်. . .

May 21, 2012 05:24 AM

ဆိုက်တခုလုံးသို့