မင်္ဂလာဒုံ ဖာမိုဆို အထည်ချုပ်စက်ရုံမှာ လုပ်သား ၅၀၀ ကျော် ဆန္ဒပြ


2013.10.14

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံရတဲ့  အလုပ်သမားသမဂ္ဂခေါင်းဆောင် သုံးဦးကို အလုပ်ပြန်ခန့်ဖို့ စက်ရုံလုပ်သား ၅၀၀ကျော်က အလုပ်မဆင်းဘဲ စက်ရုံခြံဝင်းထဲမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခဲ့တဲ့အတွက် သူတို့ကို အလုပ်ပြန်မခန့်သေးသရွေ့ အလုပ်မဆင်းဘဲ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားတစ်ထောင်ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင် (၇)ဦးရှိတဲ့အထဲက သုံးဦးကို ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြအလုပ်သမားတွေရဲ့တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။