၂၀၁၈ ခု လူ့အခွင့်အရေးဆိုင်ရာ Schuman ဆု မြန်မာ ၃ ဦးရရှိ

2018-03-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လူ့အခွင့်အရေးဆိုင်ရာ Schuman ဆုကို မွန်ပြည်နယ်က ဒေါ်ခင်သန်းထွေး၊ ချင်းပြည်နယ်က ချယ်ရီ Zahau နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့ ၂ဝ၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က ရရှိခဲ့စဉ်
လူ့အခွင့်အရေးဆိုင်ရာ Schuman ဆုကို မွန်ပြည်နယ်က ဒေါ်ခင်သန်းထွေး၊ ချင်းပြည်နယ်က ချယ်ရီ Zahau နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့ ၂ဝ၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က ရရှိခဲ့စဉ်
Photo: Wai Mar Tun/RFA

မြန်မာနိုင်ငံဆိုင်ရာ အီးယူ-  ဥရောပသမဂ္ဂရုံးက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်တဲ့ လူ့အခွင့်ရေးဆိုင်ရာ Schuman Award ဆုကို လူ့အခွင့်အရေးလှုပ်ရှားသူတွေဖြစ်ကြတဲ့ ချင်းပြည်နယ်က ချယ်ရီ Zahau ၊ မွန်ပြည်နယ်က ဒေါ်ခင်သန်းထွေး နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့ ဆွတ်ခူးရရှိသွားပါတယ်။

အီးယူ သံအမတ်ကြီး Kristian Schmidt  နေအိမ်မှာ မနေ့က  ကျင်းပတဲ့  ဆုပေးပွဲအခမ်းအနားမှာ ချီးမြှင့်လိုက် တာပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အီးယူတည်ထောင်ချိန်က ပံ့ပိုးပါဝင်သူတစ်ဦးဖြစ်တဲ့  Robert Schuman ကို အစွဲပြုပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို ၂၀၁၇ ခုနှစ်ကစ ဒီ ဆု ချီးမြှင့်ပါတယ်။

Cheery Zahau ဟာ သူ့အသိုင်းအဝိုင်းမှာသာမက ပြင်ပမှာပါ လူ့အခွင့်အရေးနဲ့ ကျား/မတန်းတူညီမျှရှိရေးတို့ကို ထူးထူးချွန်ချွန် လှုပ်ရှားဆောင်ရွက်တဲ့အတွက် ဆုဆွတ်ခူးရရှိတာလို့ ဆိုပါတယ်။

မွန်ပြည်နယ်က အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်ခင်သန်းထွေး ကတော့   အကြမ်းဖက်ခံရ သူတွေကို ပံ့ပိုးကူညီပြီး အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ သူမတူအောင်စွမ်းဆောင်နိုင် တဲ့အတွက် ရှုးမန်းဆုဆွတ်ခူးသွားတာလို့ ပြောပါတယ်။

Myanmar Now  အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အင်းဝအပ်ချုပ်ဆိုင်အမှုမျိုးလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး သတင်းလွတ်လပ်ခွင့်အတွက်  ပြတ်ပြတ်သားသား တိုက်ပွဲဝင်သူမို့ ဆုရရှိတာပါ။ သူဟာ မဘသ ဆရာတော် ဦးဝီရသူကို အသရေဖျက်မှုနဲ့ လောလောဆယ်မှာ အမှုရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

ကွယ်လွန်သူ တရားလွှတ်တော် ရှေ့နေ  ဦးကိုနီ၊ ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကချင်တိုင်းရင်းသူ ဒေါ်ဂျာနန်လထောနဲ့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းတို့ဟာလည်း Schuman ဆုကို မနှစ်က ပွဲဦးထွက် ဆွတ်ခူးရရှိခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့