ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ

2013-10-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့  ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်ကို တွေ့ရစဉ်
ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ပထမနေ့ကို ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ အမျိုးသမီးတွေရဲ့အသံတွေ စုစည်းတာဖြစ်သလို အမျိုးသားတွေ ပိုမိုပံ့ပိုးပေးနိုင်ဖို့ ဒီဆွေးနွေးပွဲဖိုရမ်ကို ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ နိုင်ငံရေးကဏ္ဍ၊ အမျိုးသမီးနဲ့  စီးပွားရေးကဏ္ဍဆိုပြီး နှစ်ပိုင်းခွဲဆွေးနွေး ခဲ့ကြပါတယ်။  မနက်ဖြန်မှာတော့  အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍဆိုပြီး အနုပညာရှင် အမျိုးသမီးတွေနဲ့ သတင်းမီဒီယာဘက်က  အမျိုးသမီးတွေ ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၃ရက်ကြာကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသမီးများဖိုရမ်မှာတော့ အမျိုးသမီးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသမီးများအား တရားဥပဒေအရကာကွယ်ခြင်း၊ အမျိုးသမီးနဲ့ ဆုံးဖြတ်ချက်ချခြင်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ ကျား မတန်းတူရေးစတဲ့ ခေါင်းစဉ်တွေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ညီလာခံတွေ တလတကြိမ် လုပ်ပြနေလို့ အမျိုးသမီးဘ၀ တိုးတက် / အာမခံချက်ရ / အမျိုးသားများနည်းတူ တိုင်းပြည်အကျိုးပြုနိုင်မယ်ဆိုရင် တပတ်တကြိမ် လုပ်ဖို့ အကြံပြုလိုပါတယ်။

Oct 31, 2013 10:15 PM

(

Let them practice,

Oct 30, 2013 08:58 PM

အမည်မဖော်လိုသူ

ပထမအကြိမ်းရဲ့ ဆုံးဖြတ်ချက်အောင်မြင်မှု ရှိ/မရှိ ဆန်းစစ်ဖြစ် သလား။
ဒုတိယအကြိမ် ဖြစ်မြောက်ရေးကို ဘာဖြစ်လို့ အမျိုးသမီးက မလုပ်နိုင်ပဲ အမျိုးသားတဦးက လုပ်ပေးရပါသလဲ။

Oct 29, 2013 06:12 PM

ဆိုက်တခုလုံးသို့