ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ


2013.10.29
women-forum-305.jpg ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ပထမနေ့ကို ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ အမျိုးသမီးတွေရဲ့အသံတွေ စုစည်းတာဖြစ်သလို အမျိုးသားတွေ ပိုမိုပံ့ပိုးပေးနိုင်ဖို့ ဒီဆွေးနွေးပွဲဖိုရမ်ကို ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ နိုင်ငံရေးကဏ္ဍ၊ အမျိုးသမီးနဲ့  စီးပွားရေးကဏ္ဍဆိုပြီး နှစ်ပိုင်းခွဲဆွေးနွေး ခဲ့ကြပါတယ်။  မနက်ဖြန်မှာတော့  အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍဆိုပြီး အနုပညာရှင် အမျိုးသမီးတွေနဲ့ သတင်းမီဒီယာဘက်က  အမျိုးသမီးတွေ ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၃ရက်ကြာကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသမီးများဖိုရမ်မှာတော့ အမျိုးသမီးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသမီးများအား တရားဥပဒေအရကာကွယ်ခြင်း၊ အမျိုးသမီးနဲ့ ဆုံးဖြတ်ချက်ချခြင်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ ကျား မတန်းတူရေးစတဲ့ ခေါင်းစဉ်တွေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။