အရေးကြီးပုဒ်မနှစ်ခုလုံး မပြင်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်

2015-06-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော်မှာ ဇွန်လ ၂၅ ရက်နေ့က ၂၀၀၈ ဖဲ့ွစည်းပုံပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို လျှို့ဝှက်မဲခွဲရာ  ဒေါ်အောင်ဆန်းစုကြည် မဲပေးနေစဉ်
ပြည်ထောင်စုလွှတ်တော်မှာ ဇွန်လ ၂၅ ရက်နေ့က ၂၀၀၈ ဖဲ့ွစည်းပုံပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို လျှို့ဝှက်မဲခွဲရာ ဒေါ်အောင်ဆန်းစုကြည် မဲပေးနေစဉ်
Photo: RFA

၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာမ ှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ တွေကို ကန့်ကွက်မဲပေးသူများတာကြောင ့် ပုဒ်မ ၂ ခုစလံုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ လျှို့ဝှက်မဲပေးခဲ့တဲ့ ကိုယ်စားလှယ် ၅၈၃ ရဲ့ ဆန္ဒမဲတွေကို ရေတွက်အပြီးမှာ အခုလိုကြေညာခဲ့ပါတယ်။

"ပုဒ်မ ၅၉(ဃ)ပြင်ဆင်ဖို့အတွက် ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြစ်ပါတယ်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ တဲ့အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ကြောင်း အတည်ပြုကြေညာပါတယ်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၇၁ မဲဖြစ်ပါတယ်၊ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့ အတွက် အတည်မပြုကြောင်း ကြေညာပါတယ်"

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ယောက် ရှိပြီး ကိုယ်စားလှယ် ၅၀ က ခွင့်ယူခဲ့တဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် ၅၈၃ ယောက်က မဲပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပြင်ဆင်ထားတဲ့ ပုဒ်မခွဲတွေကို လွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်ဖြစ်တဲ့ ကိုယ်စားလှယ် ၄၇၅ ယောက်က ထောက်ခံမှ ပြင်ဆင်နိုင်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားဆဲဖြစ်တဲ့ ပုဒ်မ ၅၉(စ) ကို မူကြမ်းပါအတိုင်း ပြင်ဆင်ပေး ဖို့ ထောက်ခံတာ ၃၇၁ ယောက်သာရှိပြီး ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ဖို့ ထောက်ခံသူ ၃၈၈ ယောက်သာရှိတဲ့ အတွက် ၇၅ % မကျော်တာကြောင့် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အဲဒီ့မူကြမ်းမှာပါတဲ့ ပုဒ်မ ၅၉(စ)အတိုင်းကို အများစုက ထောက်ခံရင်လည်း ပြင်ဆင်ချက်မှာ သား သမီးတွေ နိုင်ငံခြားသားမဖြစ်ရဘူးလို ့ ကန့််သတ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိသေးပါဘူး။

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်တဲ့ ပုဒ်မ ၅၉(စ) (ဃ)၊ ပုဒ်မ ၆၀(ဂ)၊ တပ်မတော်ထံ အာဏာလွဲှအပ်တဲ့ ပုဒ်မ ၄၁၈ (ခ)၊ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (က) (ခ) တို့ကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၃၇ ယောက်က ၃ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုလို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့ RFA သတင်းထောက်ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA သတင်းထောက မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အမြင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ပြည်သူလူထုရဲ့ တုန့်ပြန်ပြောကြားချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (26)
Share

အတြင္းသိ

နေရပ်- Myanmar

တွေ့လား လူတစ်ယောက်စိတ်ကူးယဉ် ပြီးလုပ်ခဲ့တာ ပြည်သူ့အကျိုးထက် မိမိနဲ့မိမိအသိုက်အဝန်း အကျိုးကို ရှေ့ရှုပြီးလုပ်ခဲ့တာဟာ နိုင်ငံရေးမှာ ဘယ်လောက် ရှုပ်ထွေးတယ်ဆိုတာ။ စစ်တပ်ဟာ ပြည်သူ လောက် မရင့်ကျက်လို့ ဒီလိုဖြစ်နေတာများ ပြည်သူတွေက ဒီမိုကရေစီ ရေး မရင့်ကျက် သေးလို့ပြောနေတာ တချိန်လုံး ပြည်သူကိုနှိမ့်ချစော်ကားနေတာ။ တကယ်တော့ စစ်သားတစ်မတ်သားဟာ တိုင်းပြည်ကာကွယ် ဘို့ထက် အာဏာရှင် တွေ ကို ကာကွယ်ဘို့ပါ။

Jun 28, 2015 02:42 PM

မြှောက်​​ပေးမ​နေနဲ့

Kyaw ရေ ..
အမေရိကားကနေနေပီး မြှောက်ပေးမနေနဲ့။ အခုလို အမေရိကားရောက်နေတယ်ဆိုတာလည်း
တချိန်က အခွင့်ထူခံသားသမီးသော်လည်းကောင်း အစိုးရကို အပုပ်ချနိုင်ငံရေးခိုလှုံတဲ့အချောင်သမားစိတ်နဲ့ သော်လည်းကောင်း တနည်း၂နဲ့ရောက်နေတဲ့သူဖြစ်ရမယ်။
ပြုပြင်ပြောင်းလဲခြင်ရင် မြန်မာပြည်ကို ပြန်လာ။ ကိုယ်တိုင်တည်ဆောက်ရေးမှာ ဝင်ပါ
ဘယ်အခန်းက အစိုးရအားနည်းချက်ကို အားကောင်းအောင်လုပ်မလဲ မစဉ်းစားဖူး လေကန်ပီး ဝေဖန်ဖို့ပဲသိတယ်။
အစိုးရကိုဝေဖန်နေတဲ့သူက ဘယ်အစိုးရတက်၂ဝေဖန်နေမှာပဲတဲ့၊ဘာလို့လဲဆိုရင် သူက ဝေဖန်တာကလွဲပီးဘာမှ:)မလုပ်တတ်လို့တဲ့

Jun 28, 2015 02:35 PM

ဘေးထိုင်​ဘု​ပြော​လေကန်​သူများ

စံနစ်နဲ့အစိုးရတပ်မတော်ကိုအပြစ်တင်မနေနဲ့။ လူတွေအသုံးမကျတာ
မြန်မာပြည်မှာ အပေါဆုံးက ကိုမျိုးချစ်ကြီးအပါအဝင် ဘေးထိုင်ဘုပြော ဝေဖန်လေကန်နေတဲ့သူတွေပဲ
အတိုက်ခံရော အစိုးရရော တယောက်နဲ့တယောက် အပြစ်မတင်ပဲ ဖြစ်နိုင်တာ ဖြစ်သင့်တာကို
ညီညီညွှတ်ညွှတ်လုပ်သင့်နေပီ။
စိတ်ကူးယဉ်ဖက်ဒရယ်ကြီး တည်ဆောက်ဖို့ အကြောင်းပြနေတာနဲ့ ပြည်သူတွေလည်း ဖွတ်၂ညက်၂ကျေနေပီ

Jun 28, 2015 02:32 PM

ဘေးထိုင်​ဘု​ပြော​လေကန်​သူများ

KO MYO CHIT MYANMAR ရေ
ဥပဒေပြုလွှတ်တော်ဆိုတာဘာလဲ
မဲခွဲရင် %ဘယ်လောက်အနည်းဆုံးလိုလဲ သေချာလေ့လာပါ
အစိုးရကိုရော အတိုက်ခံကိုရော မကြိုက်ပေမဲ့
ဥပဒေပြုက ဥပဒေပြု ပုံစံအတိုင်းမဲခွဲရတယ်
စိတ်ခံစားမှုနဲ့အမှားတွေကို ရမ်းရမ်းလျှောက်ရေးမနေနဲ့
စာလေးဘာလေးဖတ်အုန်း




Jun 28, 2015 02:29 PM

Myo Chit Myanmar

1// ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့ အတွက် အတည်မပြုကြောင်း ဆိုတာ လုံးဝလက်မခံနိူင်ဘူးကွတာကအလကားသက်သက်ပါ စစ်အစိုးရကနိူင်အောင်ထွင်လိုက်တာပါ
2// ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ယောက်ရှိတယ်
3// ပုဒ်မ ၅၉(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၇၁ မဲဖြစ်ပါတယ်
4//World မှာခေါင်းဆောင်တွေ အစည်းအဝေးတစ်ခုခုထိုင်ပြီဆိုရင် (ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ)ရရင်
အတည်ပြုနေကြတာပါဘဲ
၅//လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ထဲက, ပုဒ်မ ၅၉(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၇၁မဲ နူတ်ကြည်လိုက်ပါ ထောက်ခံဆန္ဒမဲ(633-371=262) ထက်ဝက်ကျော် သေးတာဘဲကွ။
မှတ်ချက်- ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့ အတွက် အတည်မပြုကြောင်း ဆိုတာ လုံးဝလက်မခံနိူင်ဘူးကွ

Jun 26, 2015 02:58 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့