ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့မှာ လုံခြုံရေးတင်းကျပ်


2015.05.16
bangladesh-border-305 မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။
photo: RFA/Kyaw Kyaw Aung

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက် သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီရက်ပိုင်းတွေအတွင်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ စစ်ဘက် လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တလျှောက်နဲ့ လူဝင် လူထွက်ဂိတ်တွေမှာ လုံခြုံရေးအင်အား တိုးမြင့်ချထား ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မောင်တောမြို့ပေါ်မှာ ရှိတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို လုံခြုံရေးသတိထား ကြဖို့ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက  မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မှတ်တိုင် အမှတ် ၅၂ နဲ့ ၅၃ ကြားမှာ မွတ်စလင် လက်နက်ကိုင်အချို့နဲ့ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လုံခြုံရေးတင်းကျပ်ထားတာ လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။