အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံပိတ်


2018.07.01
seduno-statement-622.jpg Seduno အထည်ချုပ်စက်ရုံက ကြေညာချက်ကို တွေ့ရစဉ်
.

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Seduno အထည်ချုပ် စက်ရုံကို ဒီနေ့စတင် ပိတ်သိမ်းလိုက်ပါတယ်။

ကုမ္ပဏီဟာ ကုန်ထုတ်လုပ်မှု အထွက်နည်းတာ၊ အချိန်မီ ကုန်ပစ္စည်းတင်ပို့မှု မလုပ်နိုင်တာ၊ စက်ရုံငှားရမ်းခ ကြီးမားလာတာနဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာတာတွေကြောင့် စက်ရုံကိုဆက်ပြီး ရပ်တည်ဖို့ ခက်ခဲလာတဲ့ အတွက် ပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့ အဲဒီကုမ္ပဏီရဲ့ ငွေစာရင်းဌာနက မချိုချိုဝင်းက ပြောပါတယ်။

"အလုပ်ရှင်ကလည်း ရှုံးတယ်၊ ထုတ်လုပ်မှုတွေကလည်း အချိန်မှန် မပြီးဘူး၊ အဲ့လိုဆိုတော့ အလုပ်ရှင်ကလည်း တစ်လတစ်လမှာ သူ့မှာ အရှုံးတွေပေါ်တယ်၊ ပြီးတော့လည်း ဝန်ထမ်းတွေကလည်း ဆန္ဒပြတဲ့ ဝန်ထမ်းတွေ ကလည်းရှိတယ်ဆိုတော့ သူတို့အတွက် အဆင်မပြေနိုင်ဘူးပေါ့၊ အလုပ်ရှင်ကလည်း သူ့ဘက်ကတောင့်ပြီး မခံနိုင်တော့ဘူးပေါ့၊ အဲ့ဒါကြောင့်မို့ သူပိတ်လိုက်တယ်"

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တစ်ဦးပိုင်တာဖြစ်ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်  အလုပ်သမားတွေ ကို လုပ်ခလစာနဲ့ ဥပဒေပါ နစ်နာကြေးတွေကို မနေ့ကစပြီး ထုတ်ပေးသွားမှာဖြစ်ကြောင်း စက်ရုံဘက်က အသိပေး ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။