ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသည် အပြုသဘောဆောင်ပထမခြေလှမ်းဖြစ်

မြန်မာ့အရေး တစိုက်စိုက်မတ်မတ် ဆောင်ရွက်လာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ စစ်အစိုးရက လွှတ်ပေးလိုက်တာဟာ အပြုသဘောဆောင်ပေမဲ့ ဒါဟာ သောကတွေ ပတ်လည်ဝိုင်းနေတဲ့ နိုင်ငံအတွက် ပထမခြေလှမ်း အစမျှသာ ရှိသေးတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
2010-11-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀ဝ၃ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လွတ်မြောက်ရေး ဥပဒေ တင်သွင်းရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သော ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (အလယ်) အမေရိကန် အထက်လွှတ်တော်တွင် စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
၂၀ဝ၃ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လွတ်မြောက်ရေး ဥပဒေ တင်သွင်းရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သော ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (အလယ်) အမေရိကန် အထက်လွှတ်တော်တွင် စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေနေ့က လွတ်မြောက်လာတာဟာ စစ်အစိုးရ ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ အပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ ဖြစ်ခဲ့တာပါ။ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံ အားပေးနေသူတွေ အားလုံး ဒီသတင်းကြောင့် ဝမ်းသာပျော်ရွှင်နေကြပေမဲ့ သတိထား စိုးရိမ်စရာတွေ ရှိနေပါတယ်လို့ ပြောသွားပါတယ်။

သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း Mr McConnell က ပြောပါတယ်။

၂၀၀၃ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ လုပ်ရပ်ကို မမေ့နိုင်ကြသလို ဒီလိုဖြစ်ရပ်မျိုး နောက်ထပ် မပေါ်ပေါက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ကာကွယ်ရမယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အရင်က လွှတ်ပေးလိုက်၊ ပြီးတော့ ပုဒ်မအမျိုးမျိုးနဲ့ ပြန်ထိန်းသိမ်းလိုက် အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ ဒီတခါတော့ အမြဲတမ်း လွတ်မြောက်လာတယ် ဆိုတာ နိုင်ငံတကာက မြင်ချင်ပါတယ်လို့ သူက သူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသလိုပဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးမှသာ မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ Mitch McConnell က ပြောသွားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့