ရှမ်းနဲ့ ကယား ကျောင်းသားတွေ လွိုင်ကော်မှာ ဆန္ဒပြ
2015.03.06
လက်ပံတန်းက ပင်မကျောင်းသား သပိတ်စစ်ကြောင်း ကို ထောက်ခံကြောင်း လွိုင်ကော်မြို့မှာ မတ်လ ၆ ရက်နေ့က ဆန္ဒပြစဉ်
ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ ကယားပြည်နယ် (ကရင်နီ) ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး လက်ပံတန်းက ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း လွိုင်ကော် မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှာ ပြင် ဆင်ပြဌာန်းတဲ့အထိ တောင်းဆိုသွားမယ်လို့ ဒီနေ့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ရှမ်းပြည်နယ်လုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂ အတွင်းရေးမှုး (၂) ကိုစိုင်းနောင်ပြည့်က ပြောပါတယ်။
"သပိတ်မှောက်ရခြင်းရည်ရွယ်ချက်က သပိတ်စစ်ကြောင်းအသီးသီးကိုလည်း ကျနော် အကြမ်းဖက်မှု လုံးဝလက်မခံဘူး၊ အဲ့ဒါကြောင့် အကြမ်းဖက်မှုကို အလိုမရှိ၊ ကျနော်တို့ ၄ ပွင့်ဆိုင်ဆွေးနွေးမှုရလဒ်ကို လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုပေးရေး၊ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း ထူထောင် လှုပ်ရှားခွင့်ရရှိရေးဆိုပြီးတော့ ကျနော်တို့ပြနေတာ၊ ကျနော်တို့ ခရီးကဘယ်မှာဆုံးမလဲဆိုတော့ အမျိုးသားပညာရေးဥပဒေကို လွတ်တော်မှာ တရားဝင်အတည်ပြုပြဌါန်းတဲ့နေ့မှာပဲ ကျနော်တို့ တိုက်ပွဲဆုံးပါမယ်"
အဲ့ဒီ သပိတ်အဖွဲ့မှာ ကျောင်းသား၊ ကျောင်းသူ ၃ဝ လောက်ပါဝင်ပြီး လွိုင်ကော်မြို့နေ ဖယ်ခုံမြို့ကို ကားနဲ့ထွက်ခွာ မှာဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် အောင်ပန်း၊ တောင်ကြီးမြို့အထိ ဆက်လက်ချီတက်ကြမယ်လို့ ပြောပါတယ်။









