ရှေ့နေတွေရဲ့ ဖဲကြိုးဝါလှုပ်ရှားမှု လားရှိုးမြို့အထိ ဆက်လက်ပြန့်နှံ့

2015-09-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လားရှိုးရှေ့ နေအသင်းက ဖဲကြိုးဝါလှုပ်ရှားမှုကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ လားရှိုးခရိုင် တရားရုံရှေ့မှာ ပြုလုပ်ခဲ့ကြစဉ်
လားရှိုးရှေ့ နေအသင်းက ဖဲကြိုးဝါလှုပ်ရှားမှုကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ လားရှိုးခရိုင် တရားရုံရှေ့မှာ ပြုလုပ်ခဲ့ကြစဉ်
Photo: Kan Thar/RFA

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်က အငြိမ်းစားအရာရှိတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရှေ့နေ ၂ဝ လောက်က ဖဲကြိုးအဝါတွေတပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။

တပ်မတော်က အရာရှိတွေကို ခန့်အပ်လိုက်တာကြောင့် တရားစီရင်ရေးစနစ်ဟာ  အခုထက်ပိုပြီး ပျက်ယွင်း သွားနိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ လားရှိုးရှေ့နေအသင်း အတွင်းရေးမှူး ဒေါ်ကြည်ရင်ချို က ပြောပါတယ်။

"တပ်ကလူတွေပါဝင်လာပြီဆိုလို့ရှိရင်တော့ တရားစီရင်ရေးဟာ ဘယ်လိုမှတရားမျှတတဲ့ တရားစီရင်ရေးလည်း မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကပါလာပြီဆိုကတည်းက သူတို့တွေကို တပ်ကနေပါလာတဲ့အကျင့်တွေနဲ့ တရားစီရင်ရေးဟာ ဒီထက်ပိုပြီးတော့မှ ပျက်ယွင်းသွားနိုင်တယ်ထင်လို့ ဒါကိုဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ ဒီလှုပ်ရှားမှုကို လုပ်ရတာပါ"

တရားစီရင်ရေးကဏ္ဍမှာ ခန့်အပ်ထားတဲ့ စစ်တပ်ကအရာရှိတွေ နှုတ်ထွက်သွားတဲ့အထိ တောင်းဆိုသွားမယ် လို့ ရှေ့နေတွေက ပြောပါတယ်။

ဖဲကြိုးဝါလှုပ်ရှားမှုကို နေပြည်တော် ပျဉ်းမနားမြို့နယ်က ရှေ့နေတွေ စတင်ခဲ့ပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ စစ်တွေတို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

ကွန်မင့်များ (3)
Share

မိန်းမတွက် တွက်တာထက်တောင်

နေရပ်- လွယ်သေး

အချစ် နဲ့ စစ် မှာ “တရား”တာ မရှိဘူးတဲ့။
“မတရားတာ” မဖြစ်ချင်ရင် အချစ်(အဂတိ လိုက်စားမှု) ၊ “စစ်“ (အထက်အမိန့်) မရှိစေနဲ့ပေါ့။

Sep 19, 2015 03:20 AM

အမည်မဖော်လိုသူ

ဘယ်လောက် ၀ါဝါ ပြာပြာ တရားရေး က ပြည်ထဲရေး လက်အောက်မှာ ပြည်ထဲရေးဝန်ကြီးက စစ်ဗိုလ် အဲဒီ စစ်ဗိုလ်က အာဏာရှင် လက်ပါးစေ အဲဒီတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တရားရေး အုပ်ချုပ်ရေး ရဲ အားလုံး ကို ပြည်ထဲရေး လက်အောက်မှာထားပြီး စစ်ဗိုလ်ကို ၀န်ကြီး ခန့် ထားတာ စိတ်ကြိုက် ထိမ်း လို့ ရအောင် ချုပ်ထားတာ။ အာညောင်းရင် ရပ်သွား လိမ့်မယ် ဆိုပြီး သောက်ဖက် မလုပ် ပဲနေတာ။

Sep 18, 2015 08:18 PM

အရှင်ပညာသီဟ

နေရပ်- ဇီးကုန်းမြို့

ဝန်ထမ်းလောကမှာBS to CSR တွေ SDတွေပျောက်ကုန်ပြီး ဌာနဆိုင်ရာရဲ့မူလ အနေအထားကိုအားလုံးကပြန်လည်ရရှိအောင်အသက်စွန့်ဆောင်ရွက်ကြရပါမယ် ။

Sep 18, 2015 08:03 PM

ဆိုက်တခုလုံးသို့