နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆို

2018-12-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အထက်ရဲရွာရေအားလျှပ်စစ်နဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ရှမ်းလူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့မှာ ရှင်းလင်းစဉ်
အထက်ရဲရွာရေအားလျှပ်စစ်နဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ရှမ်းလူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့မှာ ရှင်းလင်းစဉ်
Photo: Zarni Htun/RFA

နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိတာ၊ တာဝန်ခံမှု မရှိတာ၊ ဒေသတွင်းမှာ စစ်ပဋိပက္ခတွေ ရှိနေတာကြောင့် အထက်ရဲရွာရေအားလျှပ်စစ်နဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ရေကာတာ တည်ဆောက်တာတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အပြင် ပဋိပက္ခနယ်မြေထဲမှာ ဆောက်လုပ်တာတွေဟာ စစ်ရေးပြဿနာတွေ အဓွန့်ရှည်စေပြီး လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ပြောကြပါတယ်။

လက်ရှိ အကောင်ထည်ဖော်နေတဲ့ အထက်ရဲရွာစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပြောင်းရွှေ့ဖို့၊ လျော်ကြေးပေးဖို့ စတဲ့သတင်းအချက်လက်တွေ မသိရသေးတဲ့အပြင် ရေအားလျှပ်စစ်စီမံကိန်းကနေ  ရှမ်းပြည်နယ်အတွက် ရမယ့် အကျိုးအမြတ်တွေကို အစိုးရဘက်က ချပြရှင်းလင်းတာတွေ မရှိသေးဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသန့်ဇင်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့