အင်းလေးကန် ရေရှည်တည်တံ့ရေး သမ္မတဆီ စာရေးတင်ပြမည်


2015.09.27

အင်းလေးကန် ရေရှည်တည်တံ့ဖို့ ဆောင်ရွက်နိုင်ရေး လက်မှတ်ကောက်ခံခဲ့တာတွေကို သမ္မတဆီတင်ပြမယ်လို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းအင်းအိုင် များနေ့မှာ ရှမ်းပြည်နယ်အမျိုးသမီးကြီးများအဖွဲ့က ပြောပါတယ်။

အင်းလေးကန်ဟာ တစ်နှစ်ထက်တစ်နှစ် ရေတိမ်ကောလာတဲ့အတွက်ရေရှည် တည့်တံ့ဖို့ဘယ်လိုလုပ်သင့်တယ် ဆိုတာကို အင်းလေးဒေသခံနဲ့ ရှမ်းပြည်နယ် ရှိ ပြည်သူတွေဆီကနေ လက်မှတ်ကောက်ခံပြီး သမ္မတဆီတင်ပြသွား မှာဖြစ်တယ်လို့ ရှမ်းအမျိုးသမီးကြီးအဖွဲ့ ဒေါ်ညိုရီကပြောပါတယ်။

"အင်းလေးရေရှည်တည်တံ့ရေးအတွက် ဘယ်လိုလုပ်သင့်တယ်ပေါ့နော်၊ ရှမ်းပြည်နယ် အမျိုးသမီးကြီးအဖွဲ့ကနေ ပြီးတော့မှ အင်းလေးဒေသခံလူထုနဲ့ လက်မှတ်ထိုးပြီးတော့မှ အင်းလေးမှာ ဘာလုပ်သင့်တယ်ဆိုတာ နိုင်ငံတော် သမ္မတကြီးဆီ အသိပေးတဲ့သဘော၊ သက်ဆိုင်ရာအစိုးရတွေကိုလည်း အားလုံးတင်ပြတယ်ပေါ့နော်"

ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကစပြီး လက်မှတ်ကောက်ခံရာ ရှမ်းတောင်၊ ရှမ်းအရှေ့နဲ့ ရှမ်းမြောက်နေရာ အတော် များများ လိုက်လံကောက်ယူပြီး ယခုဆို လက်မှတ်ပေါင်း ရှစ်ထောင်လေးရာရရှိပြီဖြစ်ပါတယ်။

မြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ညောင်ရွှေမြို့ ရန်ကုန်မြို့မ စာသင်တိုက်မှာဒီကနေ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။