ရှမ်းတိုင်းရင်းသားပါတီ မဲဆွယ်စည်းရုံးခွင့် တားဆီးခံရ
2010.10.01
ပါတီကပြန်ကြား ရေးတာဝန်ခံ စိုင်းထွန်းအေးက ခုလိုပြောပါတယ်။
“ကျားဖြူသတင်းလွှာတို့ ဘာတို့ ကျွန်တော်တို့ ထုတ်နေတာ ရှိတယ်လေ။ အဲဒါကို ဖြန့်ဖို့အတွက် သူတို့က အဲဒီ မိုင်းရှူးမြို့နယ်မှာ ဖြန့်တဲ့အခါကျတော့ ကော်မရှင်က ဒီ ပါတီတွေ နသ မိတ္တူပေးပါလို့ သူတို့က တောင်းနေတယ်။ ကျွန်တော်တို့ အလုပ်အမှုဆောင်တွေက ပြောတယ်၊ ဒီရဲ့ နသဟာဖြင့် ကျွန်တော်တို့ ဂျာနယ်ထဲမှာ တရားဝင် ထည့်ပြီးသား။ အဲဒါကို သူတို့က လက်မခံဘူး။ အဲဒါကိုပဲ ရချင်တယ်လို့ အဲလို တောင်းပြီးမှ ဖြန့်ဝေခွင့်ကို အဲ သဘောမတူဘူး ထင်တယ်ခင်ဗျ။”
ဒါအပြင် ရှမ်းဒီမိုကရက်တစ်ပါတီက အမတ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ရှမ်းပြည် အတွင်း မြို့နယ်တွေမှာ ကော်မရှင်က ထုတ်ပြန်ထားတဲ့ နည်းဥပဒေနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ပြီး ကျင့်သုံးပုံ တွေဟာ မြို့နယ် တခုနဲ့တခု မတူဖြစ်နေတာကြောင့် အခက်အခဲတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။
“ညွှန်ကြားချက် ၂ မျဉ်းစောင်း ၂၀၁၀ အဲဒါမျိုး ထုတ်ထားတဲ့ ဟာတွေ စည်းကမ်းတွေ ရှိတယ်လေ။ အဲဒီမှာ တနေရာနဲ့ တနေရာ ကျင့်သုံးပုံ၊ တနေရာနဲ့ တနေရာ ခွင့်ပြုပုံ အနေအထားလေးတွေက တချို့နေရာမှာလည်း လွယ်လွယ်ကူကူ ခွင့်ပြုတာ ရှိသလို၊ တချို့ဒေသတွေမှာလည်း ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်နေရတာတွေလည်း အများကြီး ကြုံရတယ်ခင်ဗျ။ အင်း ဥပမာအနေနဲ့ဆိုရင် ကျွန်တော်တို့ တချို့နေရာဒေသတွေမှာတော့ ဟိုလိုပေါ့ အိုးစည်ဗုံမောင်း တီးခတ်တာတွေကအစ တချို့နေရာမှာ ခွင့်ပြုတယ်၊ တချို့နေရာမှာကျတော့ ဒါဟာ ခွင့်မပြုတဲ့ ပုံစံမျိုး ပြောတာပေါ့ဗျာ။”
ရှမ်ဒီမိုကရက်တစ်ပါတီက ပြန်ကြားရေးတာဝန်ခံ စိုင်းထွန်းအေး ပြောပြသွားတာ ဖြစ်ပါတယ်။